ပြုပြင်ပြောင်းလဲမှုအတွက် ဟောင်ကောင်အစိုးရ အချေအတင်ဆွေးနွေး


 အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက်ပြီး ဟောင်ကောင်အစိုးရက အချေအတင် ဆွေးနွေးမှု တရပ် ကျင်းပပြုလုပ်နေပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူးရာထူးအတွက် တရုတ်ပြည်မ အစိုးရက အဆိုပြုထားတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အခု သီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြသူတွေကတော့ ဥပဒေပြုကောင်စီရုံး အဆောက်အဦး ပြင်ပမှာ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ အော်ဟစ်ကာ စုရုံးရောက်ရှိနေကြပါတယ်။

၂၀၁၇ ခုနှစ် ဟောင်ကောင် အကြီးအကဲ ရာထူးအတွက် ပြည်သူတွေဟာ ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက်ခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ တရုတ်အစိုးရကို ထောက်ခံတဲ့ ကော်မတီက စိစစ်ပေးမှာ ဖြစ်ပါတယ်။

တရုတ်ပြည်မ အစိုးရက အဆိုပြုတဲ့ ဥပဒေကြမ်းကို လက်မခံတဲ့ ဟောင်ကောင် ဒီမိုကရေစီလူထုတွေက ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဆန္ဒပြခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပြုပြင်ပြောင်းလဲမှုအတွက် ဟောင်ကောင်အစိုးရ အချေအတင်ဆွေးနွေး  ပြုပြင်ပြောင်းလဲမှုအတွက် ဟောင်ကောင်အစိုးရ အချေအတင်ဆွေးနွေး Reviewed by သစ်ထူးလွင် on 17:25 Rating: 5
Powered by Blogger.