မုံးကိုး- ဖောင်းဆိုင်ကားလမ်းပေါ်ရှိ သံဘေလီ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ


နေပြည်တော် ဇွန် ၂ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့နယ်အတွင်းရှိ မုံးကိုး-ဖောင်းဆိုင် ကားလမ်းပေါ်မှ အရှည်ပေ ၁၁ဝ၊ အကျယ် ၁၄ ပေရှိ သံဘေလီတံတားတစ်စင်း ကို ဇွန် ၁၇ ရက်၌ ကေအိုင်အေအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရ သည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အဆိုပါသံဘေလီတံတားအောက်ခံသံပေါင်၊ ဘေးသံပေါင်၊ ခင်းပျဉ်ထပ်ပိုးပျဉ်နှင့်ယာယီရေလယ်ဒေါက်တိုင်တစ်တိုင် ပျက်စီး ၍ ဘယ်ဘက်ခြမ်းသို့ ၃ဝ ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ရာ တံတားပေါ်မှ သွားလာ၍မရသဖြင့် မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့မှ ယာယီ ရှောင်ကွင်း လမ်းဖောက်လုပ်လျက်ရှိပြီး တံတားအား အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ တံတားအားမိုင်းခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများက အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်နေသည့် ကေအိုင်အေအဖွဲ့၏လုပ်ရပ် များအား ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မုံးကိုး- ဖောင်းဆိုင်ကားလမ်းပေါ်ရှိ သံဘေလီ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ  မုံးကိုး- ဖောင်းဆိုင်ကားလမ်းပေါ်ရှိ သံဘေလီ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ Reviewed by သစ်ထူးလွင် on 04:05 Rating: 5
Powered by Blogger.