မတရားမှုကို ကွယ်ဝှက်တဲ့ ဆရာတော်ကို စုံစမ်းဖို့ ပုပ်ရဟန်းမင်းကြီးဆို

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် (Credit: AFP)

ကက်သလစ် ​ဘာသာ ​ဘုန်းတော်ကြီးတွေက ​ဘာသာဝင်တွေအပေါ် ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုခဲ့တာတွေအပေါ် ​အကာအကွယ် ​လုပ်ပေးတဲ့ ​ဆရာတော်တွေနဲ့ ​အနိုင်ကျင့်မှုတွေ ​မဖြစ်အောင် ​အကာအကွယ် ​မလုပ်ပေးတဲ့ ​ဆရာတော်တွေကို ​စုံစမ်း ​စစ်ဆေးဖို့ ​ပုပ်ရဟန်းမင်းကြီးက ​ခွင့်ပြုလိုက်ပါတယ်။

ဘုန်းတော်ကြီးတွေ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်မှုတွေ ​လုပ်တယ်လို့ ​တိုင်ကြားတာကို ​တချို့ ​ဆရာတော်တွေက ​ဘုန်းကြီးတွေကို ​အရေးမယူပဲ ​အမှုမပေါ်အောင် ​ဖုံးကွယ်ပေးတာတွေ ​လုပ်တယ်ဆိုပြီး ​မကျေမနပ် ​ဖြစ်နေကြသူတွေ ​ရှိပါတယ်။

လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်ခံရသူများအဖွဲ့က ​အဲဒီလို ​မကောင်းမှုကို ​ဖုံးကွယ်ပေးတဲ့ ​ဆရာတော်တွေကိုပါ ​အရေးယူပေးပြီး ​နှစ်နဲ့ချီကြာ ​တောင်းဆိုပြီးနောက် ​ပုပ်ရဟန်းမင်းကြီးက ​အခုလို ​ခွင့်ပြုလိုက်တာ ​ဖြစ်ပါတယ်။

ပြစ်မှုတွေကို ​ဖုံးကွယ်ပေးတယ်လို့ ​စွပ်စွဲခံရတဲ့ ​ဆရာတော်တွေကို ​ဗာတီကန် ​ဌာန ​သုံးခုက ​အရင်ဆုံး ​စုံစမ်း ​စစ်ဆေးမှု ​လုပ်မှာ ​ဖြစ်ပြီး ​အဲဒီနောက် ​တရားရုံးမှာ ​အမှုရင်ဆိုင်ရမယ်လို့ ​သိရပါတယ်။

ဗာတီကန် ​အရာရှိတွေထဲမှာ ​ကာဒီနယ်လ် ​George ​Pell ​လို ​ဆရာတော်တွေ ​အမှုထမ်းနေတဲ့အတွက် ​ဒီစနစ်က ​စိတ်မချရဘူးလို့ ​ပြောဆိုနေကြပါတယ်။

၁၉၇၀ ​ပြည့်နှစ်တုန်းက ​ဘုန်းတော်ကြီးတချို့ ​ကျူးလွန်တဲ့ ​လိင်ပိုင်းဆိုင်ရာ ​မဖွယ်မရာ ​ပြုကျင့်မှုတွေကို ​ဆရာတော်ဖြစ်တဲ့ ​George ​Pell ​က ​အကာအကွယ်လုပ်ပေးခဲ့တယ်လို့ ​စွပ်စွဲနေကြတာ ​ဖြစ်ပါတယ်။

ပြစ်မှု ​ကျူးလွန်တယ်လို့ ​စွပ်စွဲခံရတဲ့ ​ဘုန်းကြီးတွေကို ​နေရာပြောင်းရွှေ့မှုတွေ ​လုပ်ခိုင်းပြီး ​အမှုအပေါ်အောင် ​ဖုံးကွယ်လိုက်တယ်လို့ ​စွပ်စွဲခံနေရတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မတရားမှုကို ကွယ်ဝှက်တဲ့ ဆရာတော်ကို စုံစမ်းဖို့ ပုပ်ရဟန်းမင်းကြီးဆို မတရားမှုကို ကွယ်ဝှက်တဲ့ ဆရာတော်ကို စုံစမ်းဖို့ ပုပ်ရဟန်းမင်းကြီးဆို Reviewed by သစ်ထူးလွင် on 14:46 Rating: 5
Powered by Blogger.