ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက်


ဂျွန် ၁၆ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ စစ်ရေးပြေလည်မှု မရှိခင် အထူး ဒေသ (၂) ၀ နယ် နှင့် အထူးဒေသ (၄) မိုင်းလား အထိ ကယက်ရိုက်ကာ စစ်ရေးပြင်ဆင် မှု များပြုလုပ် နေေ ကြာင်း ဒေသခံများကပြောသည်။

သစ်တောကြိုးဝိုင်းအတွင်း သစ်ထုပ်လုပ်မှု ပြဿနာကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင် နှင့် မိုင်းဆတ်မြို့နယ် အတွင်း ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုကြောင့် တရုတ် နယ်စပ်နေ အထူးဒေသ (၂) ၀ ထိန်းချုပ် နယ်မြေ နှင့် အထူးဒေသ (၄) မိုင်းလား တပ် ထိန်းချုပ် နယ်တွင် လည်း စစ်ရေးပြင်ဆင်မှုရှိနေကြာင်း ဒေသခံ များက ပြော သည်။

“တောတောင်ထဲ ခြံသွားခုတ်နေတဲ့ တပ်သားအားလုံးတပ်တွင်းပြန်ပြီး အသ င့်ပြင် ထားဖို့ပြောတယ်။ ဒီကနေ့ အထိဘဲ၊ ဘယ်မှ မသွားခိုင်းသေးဘူး။ ကျနော်တို့ တပ်မဟာ ၄၆၈ အပါအဝင် အားလုံးဘဲ၊ ဘာ့ကြောင့်လဲ ဆိုတာေ တာ့ မသိ ဘူး” - ဟု ၀ တပ်သား ယီ့ဆုတ် ကပြောသည်။

အဆိုပါ ကိစ္စအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းဖြေ ဆိုခြင်း ငြင်းဆိုခဲ့ သည်။

တာချီလိတ် နှင့် မိုင်းဆတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသော် လည်း ၀ နှင့် မိုင်းလား အထူး ဒေသ အနီးသို့ စစ်ရေးထူးခြားလှုပ်ရှားမှု မရှိကြောင်း တြိဂံတိုင်း အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည်။

“၁၃ ရက်နေ့တုန်းကတော့ ၂၄ နာရီအတွင်း ၀ တပ်ဖြန့်ထားမှု အားလုံး ရုပ် သိမ်းပြီး နေရပ်ပြန်ဖို့ စကခ ၁၄ က ညွှန်ကြား။ ၁၄ ရက်နေ့ ညနေပိုင်း မှာ ၀ တွေ မိုင်းဆတ် - တာချီလိတ်ကြား (မိုင်းဆတ်အထွက် ၁၀ မိုင် အလွန် မိုင်းတွမ်းအနီး) လွယ်ဆမ်ဆုမ် တောင်ကြားကနေ တပ်ဆုတ်ပြန်တော့ အခြေအနေက နည်းနည်း လေး ပြေလျှော့သွားပြီ ၊ မိုင်းတုံ - ပုံပါကျင်ဘက် မှာလဲ နှစ်ဘက်စလုံး က လူထုသွားလာဖို့ ခွင့်ပြုလိုက်ပြီ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မြန်မာအစိုးရ တို့သည် ၁၉၈၉ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ စစ်ရေးမတည်ငြိမ်မှုများကြောင့် စစ်ရေးတင်းမာမှုများရှိခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ပျက်ပြယ် သွားသည့်အဆင့် မရှိခဲ့ဖူးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက်  ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက် Reviewed by သစ်ထူးလွင် on 16:02 Rating: 5
Powered by Blogger.