ကာကွယ်ရေးစက်ရုံ လက်နက်စမ်းသပ် ဒေသခံတွေ ထိတ်လန့်

လက်နက်ကြီးအမြှောက်နဲ့အတူ အစိုးရစစ်သားများကို တွေ့ရစဉ် Photo: Kachin Land

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှာရှိတဲ့ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။

ဒေသခံတွေကို အသိမပေးဘဲ လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတာဖြစ်တဲ့အတွက် အပြင်ထွက်ရမှာကို ကြောက်ရွံ့နေကြတယ်လို့ စေတုတ္တရာမြို့နယ် အမှတ် ၂ရပ်ကွက်က ဦးစိန်မောင်က ပြောပါတယ်။

ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဒေသခံတွေကို အပြင်မထွက်ကြဖို့ အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ဒေသခံတွေကို အသိမပေးဘဲ လက်နက်ကြီးတွေကို စမ်းသပ်ပစ်ခတ်ခဲ့တာ မနေ့ကအထိဆိုရင် ၅ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်လောက်ကစပြီး စေတုတ္တရာမြို့နယ် နဲ့ ၂ မိုင်နီးပါးဝေးတဲ့နေရာမှာ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံကို စတင်တည်ဆောက်ခဲ့ရာ အနီးဝန်းကျင်က လယ်ယာမြေဧက ၅ထောင်နီးပါးလောက် သိမ်းယူခံခဲ့ရတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကာကွယ်ရေးစက်ရုံ လက်နက်စမ်းသပ် ဒေသခံတွေ ထိတ်လန့်  ကာကွယ်ရေးစက်ရုံ လက်နက်စမ်းသပ် ဒေသခံတွေ ထိတ်လန့် Reviewed by သစ်ထူးလွင် on 10:42 Rating: 5
Powered by Blogger.