တရားမ၀င် မြန်မာများသယ်ဆောင်မှု ထိုင်းအာဏာပိုင်များ ပါဝင်

ဓာတ်ပုံ - manager.co.th

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်တွင်း တဘက်နိုင်ငံက လူတွေကို တရားမ၀င်သည်ဆောင်လာတဲ့ကိစ္စမှာ ဂိတ်စောင့် စစ်တပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ ပါဝင်တယ်လို့  naewna  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူ မြန်မာ ၇ ဦး နဲ့  ပွဲစားတဦးကို ဖမ်းမိတာနဲ့ ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့က ဌာနဆိုင်ရာ အစည်းအဝေးကျင်းပစဉ် ကန်ချနပူရီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တာပါ။

ဓာတ်ပုံ - manager.co.th

ဒီမတိုင်ခင် ဇွန် ၇ ရက်နေ့က ကန်ချနပူရီမြို့နယ် ဘန့်ကောင်နဲ့ ဖူးနမ့်ရွန့်သွား တောလမ်းတနေရာမှာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာသူ ၇ ဦးနဲ့ သူတို့ကို ကားနဲ့တင်ဆောင်လာတဲ့ အသက် ၃၅ နှစ်ရွယ် မြန်မာနိုင်ငံသား ကိုဝင်းဆိုသူကို နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုဝင်းရဲ့ ဖွင့်ဟ၀န်ခံချက်အရ သူတို့ဟာ ထီးခီးဂိတ်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ၀င်ခဲ့ကြောင်း၊ ခွင့်ပြုဧရိယာထက် ကျော်လွန်တဲ့အခါ ကန်ချနပူရီကို ရောက်ဖို့ အငှားဆိုင်ကယ်နဲ့ရော၊ ကားနဲ့ပါ လွှဲပြောင်းတင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သယ်ဆောင်ရာ လမ်းတလျှောက်မှာ  စစ်ဆေးရေးဂိတ်တွေ၊ အာဏာပိုင်တွေကို အဆင့်ဆင့် ငွေပေးခဲ့ရတယ်လို့ ပြောတဲ့အတွက် အဲဒီဝန်ထမ်းတွေကိုပါ စုံစမ်းစစ်ဆေး အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဇွန် ၉ ရက်နေ့ အစည်း အဝေးမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ပူရီခရိုင်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ပြီး တဦးကို ဘတ် ၆၀၀၀ ဆီ ကိုဝင်းကို ပေးရမှာဖြစ်ကြောင်း၊  အဲဒီငွေတွေကို ဆူဖန်ပူရီရောက်တဲ့ခါ လုပ်ငန်းရှင်က  ပေးချေမှာဖြစ်ကြောင်း၊  ကိုဝင်းက  ဆိုင်ကယ်တင်ခ တဦး ဘတ် ၁၂၀၀ စီ အရင်ပေးချေထားပြီး ဆိုင်ကယ်သမားတွေကလည်း  ဘန့်ကောင်ကျေးရွာအုပ်စု နယ်မြေ ၁ အုပ်ချုပ်ရေးမှူးကို တဦး ဘတ် ဘတ် ၂၀၀ စီ ပြန်ပေးရတယ်လို့ ကိုဝင်းက တာဝန်ရှိသူတွေရဲ့ စစ်မေးချက်တွေကို ဖြေကြားသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
တရားမ၀င် မြန်မာများသယ်ဆောင်မှု ထိုင်းအာဏာပိုင်များ ပါဝင်  တရားမ၀င် မြန်မာများသယ်ဆောင်မှု ထိုင်းအာဏာပိုင်များ ပါဝင် Reviewed by သစ်ထူးလွင် on 21:26 Rating: 5
Powered by Blogger.