ရုရှား နျူလက်နက်တိုက်ကို ပဲ့ထိန်းဒုံး ၄၀ ဖြည့်တင်းမယ်

ဒုံးကျည် ကာကွယ်ရေး စနစ်တွေကို ကျော်ဖြတ်နိုင်မယ့် ပဲ့ထိန်းဒုံးတွေကို ဖြည့်တင်းမယ်လို့ ပူတင် ပြော။
ရုရှား နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ကမ္ဘာ့ တိုက်ကြီးတွေ အကြား ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်ပေါင်း ၄၀ ကျော်နဲ့ ၂၀၁၅ ခုနှစ် အတွင်းမှာ ထပ်မံ ဖြည့်တင်း သွားမယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။

မော်စကို မြို့တော်မှာ ပြုလုပ်တဲ့ စစ်ဖက် နည်းပညာ ဆိုင်ရာ အခမ်းအနား တစ်ခုမှာ သမ္မတ ပူတင်က ခုလို ပြောခဲ့ဖြစ်ပြီး၊ အဲဒီ ပဲ့ထိန်း ဒုံးကျည်တွေဟာ နည်းပညာ အမြင့်ဆုံး ဒုံးလက်နက် ကာကွယ်ရေး စနစ်တွေကိုတောင် ကျော်ဖြတ် နိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီ ဒုံးကျည်တွေကို ဘယ်နေရာမှာ ချထားမယ် ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

အခုလို ပြောဆိုမှုဟာ အရှေ့ ဥရောပက နေတိုး အဖွဲ့ဝင် နိုင်ငံတွေမှာ စစ်အင်အား ပိုမို ချထားဖို့ အမေရိကန်က အဆိုပြုခဲ့ အပြီးမှာ ထွက်ပေါ်လာတာပါ။

ရုရှားရဲ့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ကလည်း နေတိုး အဖွဲ့ဟာ ရုရှား အစိုးရကို လက်နက် အင်အား ယှဉ်ပြိုင်မှုဆီ ဆွဲခေါ်နေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရုရှား နျူလက်နက်တိုက်ကို ပဲ့ထိန်းဒုံး ၄၀ ဖြည့်တင်းမယ် ရုရှား နျူလက်နက်တိုက်ကို ပဲ့ထိန်းဒုံး ၄၀ ဖြည့်တင်းမယ် Reviewed by သစ်ထူးလွင် on 22:21 Rating: 5
Powered by Blogger.