ပေ ၂၀၀ ကျော်နက်သည့် ချောက်ထဲသို့ လမ်းကြိတ်စက်ထိုးကျ


ခမောက်ကြီး ဇွန် ၂

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက်သို့ သွားသည့် လမ်းကြောင်းမိုင်တိုင် အမှတ် သုံးဖာလုံခန့်နေရာ၌ အမှတ်(၃)ရပ်ကွက် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ သွားရောက်ရန် မေ ၃၁ ရက် နံနက်ပိုင်းက မောင်ဦး(၃၅နှစ်) မောင်းနှင်လာသည့် လမ်းကြိတ်စက်ကြီးသည် အဆိုပါနေရာအရောက် စက်ချွတ်ယွင်းကာ လမ်းယာဘက် ပေ၂ဝဝ ကျော်နက်သည့် လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားသည်။

အဆိုပါဖြစ်စဉ်တွင် လမ်းကြိတ်စက်မောင်းနှင်သူ မောင်ဦးမှာ ခုန်ဆင်းလွတ်မြောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပေ ၂၀၀ ကျော်နက်သည့် ချောက်ထဲသို့ လမ်းကြိတ်စက်ထိုးကျ  ပေ ၂၀၀ ကျော်နက်သည့် ချောက်ထဲသို့ လမ်းကြိတ်စက်ထိုးကျ Reviewed by သစ်ထူးလွင် on 06:38 Rating: 5
Powered by Blogger.