သြစီထဲ ဝင်တဲ့လှေကို ငွေပေးပြီး လှည့်ပြန်ခိုင်းသလား

သြစတြေးလျက လှေအမှုထမ်းတွေကို ငွေပေးပြီး ပြန်လှည့်ပြန်ခိုင်းသလား ဆိုတာကို အင်ဒို စုံစမ်းမယ် (Credit: ABC)
သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ဝင်လာသူတွေကို ​သြစတြေးလျက ​လာရာလမ်းအတိုင်း ​ပြန်ဖို့ ​ပြောဆိုပြီး ​ပိုက်ဆံတွေ ​ပေးခဲ့တယ်ဆိုတဲ့ ​ပြောဆိုမှုကို ​အင်ဒိုနီးရှားက ​စုံစမ်း ​စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ​မေလတုန်းက ​မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ​လူပေါင်း ​၆၅ ​ယောက် ​တင်ဆောင်လာတဲ့ ​လှေဟာ ​သြစတြေးလျနိုင်ငံ ​ရေပိုက်နက်ထဲ ​ဝင်လာခဲ့ပါတယ်။

အဲဒီမှာ ​သြစတြေးလျ ​ရေတပ်က ​လှေကပ္ပတိန်နဲ့ ​တခြား ​အမှုထမ်းတွေကို ​ဒေါ်လာ ​၅၀၀၀ ​စီပေးပြီး ​လာရာ ​လှမ်းအတိုင်း ​ပြန်ဖို့ ​ပြောဆိုခဲ့တယ်လို့ ​ဆိုပါတယ်။

အဲဒီလှေက ​အင်ဒိုနီးရှားကို ​ပြန်လာတုန်း ​ကျောက်တန်းနဲ့ ​ဝင်တိုက်မိရာက ​တံငါသည်တွေက ​ကယ်ဆယ်လိုက်ပါတယ်။

လှေပေါ်ပါလာသူတွေကို ​စစ်ဆေးရာက ​သြစတြေးလျက ​ငွေပေးပြီး ​သူတို့ကို ​ပြန်လှည့်ပြန်ခိုင်းတာ ​ဖြစ်ကြောင်း ​ထွက်ဆိုကြတာ ​ဖြစ်ပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်ကတော့ ​လူကုန်ကူးမှုမှာ ​ပါဝင်တဲ့ ​လှေအမှုထမ်းတွေကို ​သြစတြေးလျက ​ပိုက်ဆံမပေးရဘူးလို့ ​ပြောပါတယ်။

အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီးကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​စိုးရိမ်မကင်း ​ဖြစ်မိလို့ ​စုံစမ်းမှုတွေ ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

ဒီလို ​လုပ်ဆောင်ချက်တွေကြောင့် ​ပင်လယ်ပြင်မှာ ​သေဆုံးမှုတွေ ​ဖြစ်စေနိုင်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

လှေပေါ်ပါလာသူတွေကတော့ ​သူတို့က ​နယူးဇီလန်ကို ​သွားဖို့ ​ကြိုးစားကြပေမယ့် ​သြစတြေးလျ ​ရေပိုင်နက်ထဲ ​ရောက်ရှိလာတာလို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီထဲ ဝင်တဲ့လှေကို ငွေပေးပြီး လှည့်ပြန်ခိုင်းသလား  သြစီထဲ ဝင်တဲ့လှေကို ငွေပေးပြီး လှည့်ပြန်ခိုင်းသလား Reviewed by သစ်ထူးလွင် on 16:58 Rating: 5
Powered by Blogger.