ကုန်းပေါ်နေနိုင်တဲ့ငါး သြစီမှာ ပြန့်ပွားမှာကို စိုးရိမ်

ကုန်းပေါ်မှာ ၆ ရက်ကြာတဲ့အထိ အသက်ရှင် နေနိုင်တဲ့ငါး (Credit: ABC)
ကုန်းပေါ်မှာ ​၆ ​ရက်ကြာတဲ့အထိ ​အသက်ရှင်နေနိုင်တဲ့ ​ငါးတစ်မျိုး ​သြစတြေးလျနိုင်ငံ ​မြောက်ပိုင်းကို ​ရောက်လာနေတဲ့အတွက် ​သြစတြေးလျက ​စိုးရိမ်မကင်း ​ဖြစ်နေရပါတယ်။

အဲဒီငါးတွေဟာ ​ပါပူဝါ ​နယူးဂနီနိုင်ငံကနေ ​ရောက်လာတာလို့ ​ယူဆနေကြပါတယ်။

အဲဒီငါးတွေဟာ ​ကုန်းပေါ်ရောက်ရင် ​အဆုတ်ကို ​သုံးပြီး ​အသက်ရှုနိုင်ပြီး ​ပါးဟက်နားက ​အဆူးတွေကို ​အသုံးပြုပြီး ​ကုန်းပေါ်မှာ ​သွားလာနိုင်တဲ့ ​ငါးအမျိုးအစား ​ဖြစ်ပါတယ်။

အဲဒီငါးရဲ့ ​ကျောကုန်းနဲ့ ​ငါးဟက်းမှာ ​အဆူးတွေ ​ရှိနေတာကြောင့် ​ငါးအကြောင်း ​မသိတဲ့ ​ငှက်တွေ၊ ​တခြား ​ငါးကြီးတွေ ​စားမိရင်လည်း ​ဒုက္ခပေးမယ့် ​ငါးဖြစ်ပါတယ်။

ပါပူနယူးဂနီ ​နိုင်ငံဘက်ကို ​သွားပြီး ​ငါးမျှားကြတဲ့ ​လှေတွေကနေတဆင့် ​အဲဒီ ​ငါးတွေ ​သြစတြေးလျနိုင်ငံကို ​ရောက်လာတာ ​ဖြစ်မယ်လို့ ​သုံးသပ်ကြပါတယ်။

အဲဒီငါးတွေ ​သြစတြေးလျ ​နိုင်ငံမှာ ​မပြန့်ပွားအောင် ​လုပ်ဆောင်ဖို့ ​ကြိုးစားနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကုန်းပေါ်နေနိုင်တဲ့ငါး သြစီမှာ ပြန့်ပွားမှာကို စိုးရိမ် ကုန်းပေါ်နေနိုင်တဲ့ငါး သြစီမှာ ပြန့်ပွားမှာကို စိုးရိမ် Reviewed by သစ်ထူးလွင် on 08:49 Rating: 5
Powered by Blogger.