ပြန်ပေးခံ မြန်မာသဘောင်္သားကို ကယ်နိုင်

ပျောက်ဆုံးနေတဲ့ မလေးရှားပိုင် MT Orkim Harmony သင်္ဘော (Credit: ABC licensed)
 မြန်မာ ​သင်္ဘောသား ​လိုက်ပါသွားတဲ့ ​သင်္ဘောတစ်စင်း ​အရင်တစ်ပါတ်မှာ ​ပြန်ပေးဆွဲခံရပေမယ့် ​အခုအခါမှာ ​သင်္ဘောနဲ့ ​အမှုထမ်းတွေ ​အားလုံး ​အသက်ဘေးကင်းစွာ ​ပြန်ရောက်နေပြီ ​ဖြစ်ပါတယ်။

မလေးရှားပိုင် ​MT ​Orkim ​Harmony ​လို့ ​ခေါ်တဲ့ ​သင်္ဘောဟာ ​အရင်တစ်ပါတ် ​ကြာသပတေး ​နေ့တုန်းက ​ပြန်ပေးဆွဲခံရတာဖြစ်ပြီး ​လက်နက်ချ ​အညံ့ခံဖို့ ​မလေးရှား ​အာဏာပိုင်တွေက ​ဓားပြတွေကို ​ပြောဆိုပြီးနောက် ​ဓားပြတွေ ​ထွက်ပြေးကြတာ ​ဖြစ်ပါတယ်။

အဲဒီသင်္ဘောပေါ်က ​အမှုထမ်း ​၂၂ ​ယောက်စလုံး ​အသက်ရှင်လျက် ​ရှိနေသေးပြီး ​အမှုထမ်းတွေကတော့ ​မြန်မာ ​တစ်ဦး၊ ​အင်ဒိုနီးရှား ​၅ ​ဦးနဲ့ ​မလေးရှားနိုင်ငံသား ​၁၆ ​ဦး ​တို့ ​ဖြစ်ကြပါတယ်။

အဲဒီလူတွေကို ​ကယ်တင်နိုင်သလို ​သင်္ဘောကိုလည်း ​မလေးရှားဘက်ကို ​ပြန်လည် ​မောင်းနှင်လာပြီ ​ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ​ဓားပြ ​အနည်းဆုံး ​၈ ​ယောက်လောက်ရှိပြီး ​ပစ္စတိုနဲ့ ​တခြား ​လက်နက်တွေ ​ကိုင်ဆောင်ထားကြတယ်လို့ ​မလေးရှားအစိုးရက ​အစောပိုင်းမှာ ​ပြောဆိုခဲ့ရာက ​ကယ်တင်နိုင်တာ ​ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ​လောင်စာဆီ ​တန်ချိန် ​၆၀၀၀ ​ဒါမှမဟုတ် ​ဒေါ်လာ ​၇.၂ ​သန်း ​တန်ဖိုးရှိတဲ့ ​လောင်စာဆီတွေ ​တင်ဆောင်လာခဲ့တာ ​ဖြစ်ပါတယ်။

အရှေ့တောင် ​အာရှ ​ပင်လယ်ပြင်ရှိ ​မလက္ကားရေလက်ကြား ​တဝိုက်မှာ ​ဓားပြတိုက်မှုတွေ ​ပိုများလာပြီး ​နှစ်ပါတ်မှာ ​တစ်စီးနှုန်းလောက် ​ဓားပြတိုက်ခံနေရတယ်လို့ ​ဆိုပါတယ်။

ကမ်းရိုးတန်းအနီးမှာ ​ဖြေးညင်းစွာ ​မောင်းနှင်တဲ့ ​သင်္ဘောတွေနဲ့ ​အဖိုးတန် ​ပစ္စည်း ​ဥပမာ ​လောင်စာဆီတွေ ​တင်ဆောင်တဲ့ ​သင်္ဘောကို ​ဓားပြတိုက်ပြီး ​ပစ္စည်းတွေ ​လုယူတာလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြန်ပေးခံ မြန်မာသဘောင်္သားကို ကယ်နိုင်  ပြန်ပေးခံ မြန်မာသဘောင်္သားကို ကယ်နိုင် Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.