ဒါဖာပဋိပက္ခအတွင်းလူပေါင်း ၇၈၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ


ဂျီနီဗာ ဇွန် ၁၁

ယခုနှစ်အတွင်း ဆူဒန်အစိုးရ တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက် ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၇၈ဝဝဝ ဘေးကင်းရာသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန် ရှိသူတစ်ဦးက လုံခြုံရေးကောင်စီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အစိုးရတပ်ဖွဲ့ဝင်များ၏ ဒုတိယ အဆင့် ထိုးစစ်အတွင်း ပြောင်းရွှေ့ နေထိုင်မှုများ သိသိသာသာ များပြား လာခဲ့ပြီး ၁၃ဝဝဝဝအထိ ရောက်ရှိ လာနိုင်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်း ရေးဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးချုပ် အက်မွန်မူလက်က ပြောသည်။

ဒါဖာလုံခြုံရေး အခြေအနေသည် ဆိုးရွားနေသည့် အခြေအနေရှိနေဆဲ ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

လုံခြုံရေးကောင်စီက ဒါဖာ အရေးနှင့်ပတ်သက်၍ အာဖရိက၊ ကုလသမဂ္ဂ ပူးပေါင်းညှိနှိုင်း ဆွေးနွေး မှုများပြုလုပ်သွားရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။

ဒါဖာဒေသသည် ဆူဒန်အနောက် ဖျား၌ တည်ရှိပြီး စတုရန်းကီလိုမီတာ ၅ဝဝဝဝဝ ကျယ်ဝန်းသည်။ လစ်ဗျား၊ ချတ်ဒ်နှင့် ဗဟိုအာဖရိက နိုင်ငံတို့ နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဒေသတွင်း အကြမ်းဖက်မှုများ အဓိက အစပြုရာ ဒေသတစ်ခုဖြစ် သည်ဟု ဆိုသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒါဖာပဋိပက္ခအတွင်းလူပေါင်း ၇၈၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ  ဒါဖာပဋိပက္ခအတွင်းလူပေါင်း ၇၈၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ Reviewed by သစ်ထူးလွင် on 05:53 Rating: 5
Powered by Blogger.