ယူကရိန်း လောင်စာ သိုလှောင်စခန်း၌ ပေါက်ကွဲမှုဖြစ် မီးသတ်ကယ်ဆယ်ရေး သမားများစွာ သေဆုံး


ကိယက်ဗ် ဇွန် ၉

ယူကရိန်းနိုင်ငံ၏ မြို့တော် ကိယက်ဗ်အပြင်ဘက်ရှိ လောင်စာ သိုလှောင်ကန်၌ အင်္ဂါနေ့က အကြီး အကျယ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာ မီးငြှိမ်းသတ်ရေး လုပ် ဆောင်နေသော မီးသတ်ကယ် ဆယ်ရေးသမား များစွာအသက် ဆုံးရှုံးခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက ပြောကြားသည်။

ကိယက်ဗ်မှ ၃ဝ ကီလိုမီတာ အကွာ ဗာဆိုင်ကစ်ဗ်လောင်စာ သိုလှောင်ရုံရှိ ဓာတ်ဆီသိုလှောင် ထားသော ဆီတိုင်ကီကိုးလုံးထက် မနည်း မီးစွဲလောင်ပေါက်ကွဲကာ ထိုနေရာ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးထုကြီး ပိတ်ဖုံးသွားခဲ့သည်။

မီးသတ်ကိရိယာများ သယ် ဆောင်လာသည့် ထရပ်ကား သုံးစီးနှင့်အတူ မီးသတ်ကယ်ဆယ် ရေးသမား ၆၂ ဦးရောက်ရှိလာ ကာ မီးငြိမ်းသတ်ခဲ့ကြောင်း အရေး ပေါ်ဌာနက ဆိုသည်။

မီးသတ်သမားများ သေဆုံးခဲ့ ပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိ ခဲ့သည်။ ၄င်းမီးသည် လောင်စာဆီ တိုင်ကီတစ်လုံးကို စတင်မီးလောင်ရာ မှ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယူကရိန်း လောင်စာ သိုလှောင်စခန်း၌ ပေါက်ကွဲမှုဖြစ် မီးသတ်ကယ်ဆယ်ရေး သမားများစွာ သေဆုံး  ယူကရိန်း လောင်စာ သိုလှောင်စခန်း၌ ပေါက်ကွဲမှုဖြစ် မီးသတ်ကယ်ဆယ်ရေး သမားများစွာ သေဆုံး Reviewed by သစ်ထူးလွင် on 06:06 Rating: 5
Powered by Blogger.