ယီမင်၌ အိုင်အက်စ်တို့ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံး


ဆာနား ဇွန် ၁၈

ဗုဒ္ဓဟူးနေ့က ဆာနားရှိ ဟူသီသူပုန်များနေထိုင်ရာ ဌာနချုပ်နှင့် ဗလီများအနီး အိုင်အက်စ် စစ်သွေးကြွများ၏ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၅ဝ ထက်မနည်း သေဆုံးခဲ့သည်။

ဟာရှပ်ဗလီ၊ ကီဗစီဗလီ၊ အယ်လ်ကွာ၊ အယ်ကာဒရာဗလီနှင့် ဟူသီသူပုန်တို့ နိုင်ငံရေး ဗျူရိုများကို ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၅ဝ ထက်မနည်း သေဆုံးခဲ့သည်ဟု လုံခြုံ ရေး အာဏာပိုင်များက ပြောခဲ့သည်။

မတ်လ ၂ဝ ရက်က ဆာနားရှိ ဗလီနှစ်ခုတွင် အိုင်အက်စ်စစ်သွေးကြွများ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဝတ်ပြုနေသူ ၁၃၇ဦး ထက်မက သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးသည့်နောက် ယခုတစ်ကြိမ်သည် ယီမင်နိုင်ငံသားများအား တိုက်ခိုက်မှု များအနက် အဆိုးဆုံးဖြစ်သည်။ နောက်ဆုံးဖြစ်ပွားခဲ့သည့်အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုအတွက် အိုင်အက်စ်စစ်သွေးကြွများအား အာဏာပိုင်အဖွဲ့အစည်းက အပြစ်တင်လျက်ရှိကြောင်း ဟူသီတို့ ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းအေဂျင်စီ၌ ဖော်ပြသည်။

အိုင်အက်စ်တို့သည် အာရေဗျကျွန်းဆွယ်ရှိ အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့တို့ရှိရာ ယီမင်၌ စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယီမင်၌ အိုင်အက်စ်တို့ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံး  ယီမင်၌ အိုင်အက်စ်တို့ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံး Reviewed by သစ်ထူးလွင် on 08:42 Rating: 5
Powered by Blogger.