တက္ကစီလေးစီး ဆင့်ကဲတိုက်


 ရန်ကုန် ဇွန် ၁၉

ဇွန် ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ကြည့်မြင်တိုင်မြို့နယ် သာဓု အနောက်ရပ်ကွက် ကမ်းနားလမ်းနှင့် နိဗ္ဗာန်လမ်းထောင့်၌ အငှားတက္ကစီ ယာဉ်လေးစီးဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကြည့်မြင်တိုင်နတ်စင်လမ်းဘက်မှ ကမ်းနားလမ်းအတိုင်း ယာဉ် မောင်း ဦးတင်မြင့်(၅၈ နှစ်) မောင်းနှင်လာသော 4F/---- တက္ကစီ (VITZ) သည် လမ်းလယ်မျဉ်းဖြူကိုကျော်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွား ခဲ့သဖြင့် ကြည့်မြင်တိုင်ဟံသာဝတီလမ်းဘက်မှ ဦးထိန်မြင့် မောင်းနှင်လာသည့်6I/---- အငှားတက္ကစီ၏ ရှေ့ဘယ်ဘက်အခြမ်းကို တိုက်မိရာမှတစ်ဆင့် ၄င်းဘေးမှ မောင်းနှင်လာသော အငှားတက္ကစီ 9C/----- နှင့် အငှားတက္ကစီ 3G/---တို့အား ထပ်ဆင့်ကဲတိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် အငှားတက္ကစီ4F/---- နှင့် 6I/---- တို့၏ ယာဉ် ရှေ့ပိုင်းများ ပျက်စီးသွားခဲ့ရပြီး အခြားအငှားတက္ကစီယာဉ်မောင်း နှစ်ဦးလည်း ထိခိုက်မှုရှိခဲ့သည်။

6I/---- အငှားတက္ကစီယာဉ်ပေါ်မှခရီးသည်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့သည့် အတွက် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တက္ကစီလေးစီး ဆင့်ကဲတိုက်  တက္ကစီလေးစီး ဆင့်ကဲတိုက် Reviewed by သစ်ထူးလွင် on 03:45 Rating: 5
Powered by Blogger.