ဒေါ်စု ရှီကျင်ပင်နဲ့ ဒီကနေ့တွေ့ဖို့ရှိ လို့ဆို

ဘေကျင်းလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) 
အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ဘေကျင်းမြို့ကို ​ရောက်ရှိနေပြီး ​ဒီကနေ့မှာ ​တရုတ်သမ္မတ ​ရှီကျင်ပင် ​နဲ့ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

ဒါဟာ ​ဒေါ်အောင်ဆန်းစုကြည်အတွက် ​ပထမဆုံး ​တရုတ်ခရီးစဉ်ဖြစ်ပါတယ်။

ငါးရက်ကြာမယ့် ​တရုတ်နိုင်ငံ ​ခရီးစဉ်အတွင်း ​တရုတ်နိုင်ငံ ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဖို့ ​ရှိတယ်လို့သာ ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောဆိုခဲ့ပေမယ့် ​မြန်မာ ​သံရုံးက ​အရာရှိတစ်ယောက်ကတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​သမ္မတ ​ရှီကျင်ပင်နဲ့ ​ဒီကနေ့မှာ ​တွေ့ဆုံဖို့ရှိပြီး ​Diaoyutai ​ဆိုတဲ့ ​အစိုးရအိမ်တော်မှာ ​တည်းခိုတယ်လို့ ​ပြောပါတယ်။

ဒါကတော့ ​နိုင်ငံတော် ​အဆင့်ခေါင်းဆောင်တွေကို ​လက်ခံတဲ့ ​နေရာ ​ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ​တရုတ်နိုင်ငံ ​ဝန်ကြီးချုပ်နဲ့လည်း ​တွေ့ဆုံဖို့ရှိပေမယ့် ​ခရီးစဉ် ​အသေးစိတ်ကိုတော့ ​တရုတ်အစိုးရဘက်ကရော ​ဒေါ်အောင်ဆန်းစုကြည် ​ဘက်ကပါ ​ထုတ်ပြန်ခြင်း ​မရှိသေးပါဘူး။

မြန်မာစစ်အစိုးရကို ​တရုတ်က ​ထောက်ခံခဲ့တဲ့အပေါ် ​ဒေါ်အောင်ဆန်းစုကြည်က ​ဝေဖန်မှုတွေ ​လုပ်ခဲ့ဖူးတာတွေ ​ရှိပေမယ့် ​အခုအခါမှာတော့ ​တရုတ်အစိုးရက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ရင်းနှီးမှု ​ရယူလိုလို့ ​အခုလို ​ဖိတ်ခေါ်တာလို့ ​သုံးသပ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​တရုတ်နိုင်ငံသား ​နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ​Liu ​Xiaobo ​ကို ​ထောင်ကနေ ​လွတ်ပေးဖို့ ​တောင်းဆိုနိုင်တယ်လို့လည်း ​မျှော်လင့်နေကြပါတယ်။

Liu ​Xiaobo ​ဟာ ​ဒီမိုကရေစီအရေး ​တောင်းဆိုမှုနဲ့ ​တရုတ်နိုင်ငံမှာ ​ထောင်ဒဏ် ​၁၁ ​နှစ် ​ကျခံနေရတာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လွတ်ပေးဖို့ ​တောင်းဆိုရင် ​လွတ်ပေးမှာလားလို့ ​မေးခဲ့တာကို ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​Liu ​Xiaobo ​ကို ​တရုတ်နိုင်ငံ ​တရားရေးစနစ်နဲ့ ​အရေးယူထားတာဖြစ်တဲ့အတွက် ​တရားဥပဒေအရ ​လုပ်ပိုင်ခွင့်တောင် ​မရှိဘူးလို့ ​ဖြေကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စု ရှီကျင်ပင်နဲ့ ဒီကနေ့တွေ့ဖို့ရှိ လို့ဆို ဒေါ်စု ရှီကျင်ပင်နဲ့ ဒီကနေ့တွေ့ဖို့ရှိ လို့ဆို Reviewed by သစ်ထူးလွင် on 15:00 Rating: 5
Powered by Blogger.