(၁၀) ဘီးယာဉ် နောက်ကျွံကျ၍ တံတားကျိုးကျပျက်စီး


ဂန့်ဂေါ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ရွာစည်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁၂/၅ နှင့် ၁၁၂/၆ အကြား ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ တံတားအမှတ် (၃/၁၁၃) မဖေးတံတားပေါ်တွင် ဇွန် ၁၄ ရက် နံနက် ၆ နာရီ ၁ဝ မိနစ်က မုံရွာမြို့မှ တမူးမြို့သို့ ငြိမ်းစိုး(၂၉ နှစ်) မုံရွာ မြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ် ၉ခ/.... ၁ဝ ဘီးယာဉ်သည် စုစုပေါင်း ယာဉ်ကုန်တန်ချိန် ၃၉ တန်ဖြင့် သယ်ဆောင် မောင်းနှင် လာရာ မဖေးတံတားပေါ် ဖြတ်သန်း စဉ် နောက်ဘီးကျွံကျ၍ တံတား ကျိုးကျကာ ပျက်စီးသွားသည်။

ယာဉ်မောင်း ငြိမ်းစိုးကို ဂန့်ဂေါ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ညိုညိုဝင်း(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
(၁၀) ဘီးယာဉ် နောက်ကျွံကျ၍ တံတားကျိုးကျပျက်စီး  (၁၀) ဘီးယာဉ် နောက်ကျွံကျ၍ တံတားကျိုးကျပျက်စီး Reviewed by သစ်ထူးလွင် on 08:57 Rating: 5
Powered by Blogger.