ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုစတင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်


ဂျွန် ၅ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ် ယူမှု ပြဿနာ ကြောင့် ဂျွန်လ ၃ ရက်နေ့မှ ယနေ့ အထိ ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အပြန်အလှန် ဝိုင်းရံထားသောကြောင့် ထိပ်တိုက်ဖြစ်ပွားလာ မည် ကိုဒေ သခံ များက စိုးရိမ်နေကြသည်။

ဂျွန် ၄ ရက်နေ့က မိုင်းဆတ်အခြေစိုက် အမှတ် ၁၄ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်မှ တပ်များ မိုင်းတုံ ဘက် ဦးတည်လာနေကြောင်း၊ ဝ တပ်ဖွဲ့များလည်း မိုင်းတုံမြို့ အထွက်မှ နားကောင်းမူး ၊ မယ့်ကဲန်း (မဲကင်) ကျေးရွာ အုပ်စု ဟွေအော့် ဘီပီဝမ်း ထိုင်းနယ်စပ် အထိ လမ်းမ တလျှောက် ၉၀ ရာခိုင်နှုန်းခန့် အင်အားဖြည့်နေရာယူထားသောကြောင့် ဒေသခံ များ တိုက်ပွဲဖြစ်ပွားလာ မည်ကို အထူးရိမ်နေသည်ဟု ရပ်မိရပ်ဖ လုံးထမ်းက ပြောသည်။

“အမှန်တော့ ကျနော်တို့ မနက်ဖြန် (၅၊၆၊၂၀၁၅) ပါတီ အတွက် ကွင်းဆင်း မလို့။ ဝ တပ်ဖွဲ့ နဲ့ အစိုးရ တပ်မတော်အကြား အခုလိုမျိုးဖြစ်နေတော့ ခရီးစဉ် ဖျက်လိုက်ရတယ်” – ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပြည် နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောသည်။

ဂျွန် ၃ ရက် ၂၀၁၅ က မိုင်းတုံမြို့အခြေစိုက် ခမရ ၅၁၉ ၊ ရဲတပ်ဖွဲ့ဝင် နှင့် သစ်တော ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ်ကြောင်းက မိုင်းတုံ နှင့် ပုံပါကျင် မြို့နယ်ခွဲ အကြား မယ့်ကဲန်းကျေးရွာအုပ်စု လွယ်ဆန်စု တောင်ခြေ မိုင်းခေတ်ဒေ သဘက် သစ်ထုတ်လုပ်နေသော ဝ တပ်ဖွဲ့ဝင် အချို့အား ဖမ်းဆီး ထားကြောင်း - တပ်မတော် အသိုင်းအဝိုင်း ကပြောသည်။

ဂျွန် ၄ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ရှိသည့် ဝ တပ်ဖွဲ့ဝင်များက အဆိုပါလှုပ်ရှားတပ်ဖွဲ့အား ဝိုင်းရံထားကြောင်း၊ ထို့အတူ မိုင်းတုံ - ပုံပါကျင် လမ်းမတလျှောက်လည်း ၀ တပ်ဖွဲ့က တပ်ဖြန့်ထိန်းချုပ်ထားကြောင်း အမည်မဖေါ်လိုသည့် ဝ အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ဒါက ကျနော်တို့ လှုပ်ရှားသွားလာတဲ့နေရာဗျာ။ ကျနော်တို့ကို မိုင်းခေတ် ‘မုတ်ဆိပ်’ သစ်တော ကြိုးဝိုင်း အတွင်း သစ်တွေခုတ်ယူတယ်ဆိုပြီး ဗမာ တပ်ကနေ ကျနော်တို့လူကို ဖမ်းသွားတယ်။ ဒါ မတရားစွပ်စွဲတဲ့လုပ် ရပ်ဘဲ။ မတရားမှုကို ကျနော်တို့ ငုံ့ခံမှာမဟုတ်ဘူး၊ လိုအပ်ရင် အထက်အမိန့် ကို လဲ စောင့်မှာမဟုတ်ဘူး၊ ကျနော်တို့ကိုပစ်ရင်တော့ပြန်ချမှာဘဲ” - ဟု အဆိုပါ အမည်မဖေါ်လိုသည့်ဝ အရာရှိကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ ဖမ်းဆီးခံရသည့် ၀ တပ်ဖွဲ့ဝင်များသည် ၀ တိုင်းရင်းသားမဟုတ်သည့် တရုတ်လူမျိုး ၆ ဦး ပါဝင်သည်၊ ထိုသူများအား ၀ လက်ထဲပြန်အပ် ရန် လိုက်လံတောင်းဆိုစဉ် ၄၊၆၊၂၀၁၅ မွန်းလွဲပိုင်းက အာလူးတောင်ကြောတွင် ပစ်ခတ် တိုက်ခိုက်မှု တကြိမ်ဖြစ်ပွားခဲ့သေးသည်ဟုလည်း ဆိုသည်။

“အခုလိုမျိုး ဖြစ်ပွားလာနေတာဟာ စစ်ပွဲမရှိတော့ဘူးဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဌက မှေးမိန်သွားမှာကိုမလိုလားလို့ မဖြစ်မနေတိုက်ပွဲတွေ လုပ် လာနေ တာလဲဖြစ်နိုင်တယ်။ တပ်မ တော်က နိုင်ငံတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဌနဲ့ ထိုက်တန်တယ်ဆိုတာ ပြချင်တာ လဲပါ နိုင်တယ်။ ရွေးေ ကာက်ပွဲက နီးပြီလေ” - ဟု စိုင်းဝင်းမြတ်ဦးကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင် ပတ်သက်မှုရှိ နေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူးသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအားပေး သည့်အနေဖြင့် ထိုင်းနယ်စပ်တလျှောက်ရှိ ၀တပ် များ မြောက် ပိုင်း ဝ နယ်သို့ တပ်ရုပ်ပြန်ရန် ဖိအားပေးခဲ့ဖူးသည်။

သို့သော် ဝ တပ်ဖွဲ့မှာမူ ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ် ထား သည့် နယ်မြေ အပါဝင် ဝ နယ်အားလုံးအားစုစည်း၍ သျှမ်းပြည်နယ်မှ ခွဲ ထွက်ကာ နေပြည်တော် တိုက်ရိုက် လက်အောက်ခံ သီးခြားဝပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။

အနာဂတ်မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင်လည်းဦးဆောင်ဦးရွက်ပြုလိုသည် ဟု မေလဆန်းပိုင်း ပန်ဆန်းညီလာခံတွင် ဆန္ဒပြုခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုစတင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်  ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုစတင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ် Reviewed by သစ်ထူးလွင် on 04:22 Rating: 5
Powered by Blogger.