သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး အပြစ်မရှိဟု ထွက်ဆို၊ လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ခံရ


 သရပါမဂ္ဂဇင်းအယ်ဒီတာဖြစ်သူ တေးနုယဉ်ကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသော ရုပ်ရှင်သရုပ် ဆောင်ဒါရိုက်တာ မင်းအုပ်စိုးအား ဇွန်လ ၁၀ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ပုဒ်မ၃၀၂ (၂)ဖြင့် စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။

အနောက်ပိုင်းခရိုင်တရားရုံးမှ တွဲဖက်တရားသူကြီးက မင်းအုပ်စိုးအား အပြစ်ရှိလားဟုမေးမြန်းရာတွင် မင်းအုပ်ဆိုးမှအပြစ်မရှိပါဟု ထွက်ဆိုသည့်အတွက် လိုပြသက်သေ ၁၄ဦးထဲမှ သက်သေ၃ဦးကို လာမည် ဇွန်လ ၁၇ရက်နေ့တွင် ပြန်လည်ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ တေးနုယဉ်၏ညီမ၀မ်းကွဲတော်စပ်သူ မသင်းသင်းမူက”အမူမှန်ပေါ်ပေါက်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်။ မှန်မှန်ကန်ကန်ပဲဖြစ်စေချင်တယ်။ ငွေများငွေနိုင် မဖြစ်စေခြင်ဘူး။ တကယ်ဆိုရင် ထောင်ဒဏ်တသက်တကျွန်းထိကျစေချင်တယ်ဟု။” News Watch သို့ ပြောသည်။

သေးဆုံးသွားခဲ့သူ မတေးနုယဉ်သည် မင်းအုပ်စိုးနှင့်ဆွေမျိုးသားချင်း တော်စပ်မှုမရှိကြောင်းနှင့် ဖြစ်ပွားခဲ့သည့်လူသတ်မှုကို အမှန်တိုင်းပေါ်ပေါက်စေလိုကြောင်း တေးနုယဉ်၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများအား ပြောကြားခဲ့ဖူးသည်။

မင်းအုပ်စိုးသည် တေးနုယဉ်ကို ၎င်း၏အခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် တေးနုယဉ်သည်ကုတင်ပေါ်၌ မျက်နှာနှင့် ဦးခေါင်းတို့၌ ဖူးရောင်ဒဏ်ရာများ၊ ၀မ်းဗိုက်နှင့်ကျောကုန်းတို့တွင် ညိုမဲသွေးစို့ဒဏ်ရာများ၊ မျက်လုံးနှစ်ဖက်၌ ညိုမဲဒဏ်ရာများနှင့် လည်ပင်း၌ပွန်းပဲ့ဒဏ်ရာများရရှိကာ သေးဆုံးသွားခြင်းဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်းမှ သိရသည်။

မင်းအုပ်စိုးကို စွဲချက်တင်ထားသော ပုဒ်မ ၃၀၂(၂)သည် ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ကြောင်း သိရသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး အပြစ်မရှိဟု ထွက်ဆို၊ လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ခံရ  သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး အပြစ်မရှိဟု ထွက်ဆို၊ လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ခံရ Reviewed by သစ်ထူးလွင် on 21:35 Rating: 5
Powered by Blogger.