ပုဒ်မ ၄၃၆ ပြင်ဖို့ ဒေါ်စု ထပ်မံတိုက်တွန်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ရင် NLD က ရွေးကောက်ပွဲကို သပိတ် မှောက်မမှောက် ဆိုတာကိုတော့ မသိရသေးပါဘူး။ (Credit: Reuters)
မြန်မာနိုင်ငံမှာ ​စစ်မှန်တဲ့ ​အပြောင်းအလဲတွေ ​ဖြစ်စေချင်ရင် ​ပုဒ်မ ​၄၃၆ ​ကို ​ပြင်ဆင်မှ ​ရမယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ထပ်မံ ​ပြောဆိုလိုက်ပါတယ်။

ပုဒ်မ ​၄၃၆ ​ကတော့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်နိုင်ဖို့ ​အဓိက ​ကျတဲ့ ​အချက် ​ဖြစ်တဲ့အတွက် ​အဲဒီ ​ပုဒ်မကို ​ပြင်ဆင်ဖို့ ​NLD ​ပါတီက ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

ပုဒ်မ ​၄၃၆ ​အရ ​လွှတ်တော်အမတ် ​၇၅% ​နှုန်းက ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဖို့ ​ထောက်ခံမှသာ ​ပြင်ဆင်နိုင်မယ်လို့ ​ပါရှိပါတယ်။ ​အခုလောလောဆယ် ​ဥပဒေကြမ်းမှာတော့ ​၇၀% ​ကို ​လျှော့ချဖို့ ​ပြင်ဆင်နေပါတယ်။

အခုလောလောဆယ်တော့ ​လွှတ်တော်မှာ ​စစ်တပ်က ​အလိုအလျှောက် ​၂၅% ​အမတ်နေရာ ​ရထားတဲ့အတွက် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဖို့ ​မဖြစ်နိုင်ဘူးလို့ ​သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်ကလည်း ​ဒီအချိန်ဟာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ရမယ့် ​အချိန်မဟုတ်သေးဘူး ​ဆိုတဲ့ ​သဘောတဲ့ ​ဂျပန် ​သတင်းဌာနတစ်ခုကို ​ပြောသွားတာ ​ရှိပါတယ်။

၂၀၀၈ ​ခု ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ရေးနဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​ပုဒ်မ ​၅၉ ​စ ​ကို ​ဒီကနေ့ ​လွှတ်တော်မှာ ​စတင်ဆွေးနွေးပြီး ​ကြာသပတေးနေ့အထိ ​ဆွေးနွေးကြဖို့ ​ရှိတယ်လို့ ​သိရပါတယ်။
ဒီဆွေးနွေးချက်ဟာ ​ရွေးကောက်ပွဲမတိုင်ခင် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်မှု ​ဖြစ်လာနိုင်တဲ့ ​နောက်ဆုံးသော ​အခွင့်အရေး ​တစ်ခုလို ​ဖြစ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပုဒ်မ ၄၃၆ ပြင်ဖို့ ဒေါ်စု ထပ်မံတိုက်တွန်း ပုဒ်မ ၄၃၆ ပြင်ဖို့ ဒေါ်စု ထပ်မံတိုက်တွန်း Reviewed by သစ်ထူးလွင် on 11:05 Rating: 5
Powered by Blogger.