ဖီဖာ အရှုတ်တော်ပုံ


 ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ငွေကြေးအရှုတ်တော်ပုံနဲ့ ပတ်သက်ပြီး ထိပ်တန်းတာဝန်ရှိသူတွေ တဦးပြီးတဦး ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပြီး အခုဆိုရင် ဆက်သွယ်ရေး တာဝန်ခံ ဒါရိုက်တာ ဝေါလ်တာ ဒီ ဂရီဂိုရီယိုလည်း ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ကိုယ်တိုင် ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာ က မစ္စတာ ဂရီဂိုရီယို ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေကနေ ၀င်ရောက်မစွက်ဖက်ပဲ ကင်းလွတ်ခွင့်ပေးရမယ့် ဥပဒေ ရှိနေပေမယ့် ဖီဖာခြစားမှုတွေနဲ့ ပတ်သက်ပြီး တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် အပေါ်မှာ လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်နိုင်ဖို့ ပါရာဂွေး နိုင်ငံ ဆီးနိတ်လွှတ်တော်ကနေ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်ပေးဖို့ သဘောတူလိုက်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဇစ်ကို ကလည်း ဖီဖာ ဥက္ကဌ နေရာမှာ သူဝင်အရွေးခံမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဖီဖာ အရှုတ်တော်ပုံ  ဖီဖာ အရှုတ်တော်ပုံ Reviewed by သစ်ထူးလွင် on 10:29 Rating: 5
Powered by Blogger.