လွိုင်ကော်မြို့တွင် ယာဉ်တိုက်မှုမှ ဓါးခုတ်မှုဖြစ်ပွားခဲ့




ဇွန်လ(၇)ရက်နေ့ (၄း၅၀)၀န်းကျင်ခန့် လွိုင်ကော်မြို့ နယ် လွိုင်ကော်-ရှားတော လမ်းမပေါ် (တိုင်းရင်းဆေးရုံရှေ့) တွင် ယာဉ်တိုက်မှုကနေတဆင့် ဓါးခုတ်မှု တစ်ခုဖြစ်ခဲ့ပွားခဲ့ကြောင်း လွိုင်ကော် မြို့နယ်ရဲစခန်း မှသိရပါသည်။

ဖြစ်စဉ်မှာ ချိကယ်ကျေးရွာနေ(၁၂ဘီးမောင်း) ကိုရီးရယ်(အသက် ၃၂) သည် NISSAN (Disel) ကားကို နေအိမ်ခြံဝင်းသို့ ကားနောက်ဆုတ်ဝင်လာစဉ် လွိုင်ကော်-ရှားတော ကားလမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်သော ရန်ကုန်ရွေပြည်သာနေ (ပရံအလုပ်သမား) ကိုချစ်ကို (အသက်၃၀)က ဆိုင်ကယ်အရှိန်ကို မထိန်းနိုင်ပဲ ကားကို ၀င်တိုက်မိပြီး နှစ်ဦးစကားများရန်ဖြစ်ရာကနေ ကိုရီးရယ်က မိမိအိမ်ထဲရှိ အရိုးအသွား (၂၈)လက်မခန့်ရှိသော သစ်သားဦးတည့် ဓါးဦးချွန်ကို ဆွဲကာ ချစ်ကို ကို လိုက်ခုတ်ခဲ့ကြောင်းသိရပါသည်။

ထိုကဲ့သို့ လိုက်ခုတ်ရာကနေ ကိုချစ်ကိုက ထွက်ပြေးရာ ကိုရီးရယ်က ကားဖြင့်လိုက်ကာ ခုတ်သဖြင့် ကိုချစ်ကိုသည် မိမိအလုပ်ခွင်ရှိရာသို့ပြေးကာ လုံးပတ် (၁)လက်မ၊ အရှည်(၂၃)လက်မရှိသော သံပိုက်ကို ဆွဲယူကာ တိုင်းရင်းဆေးရုံရှေ့တွင် အပြန်အလှန် ခုတ်ခဲ့ကြောင်းသိရပါသည်။

ထို့ကြောင့် ကိုရီးရယ်သည် ၀ဲဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊မျက်နှာ ပြတ်ရှ(၃)ချက်၊ ၀ဲဘက်ခြေကျင်းဝက်ပြတ်ရှ(၁)ချက်၊၀ဲလက်ဖျံပြတ်ရှ(၂)ချက်၊နောက်ကျောပြတ်ရှ(၂)ချက်၊ နောက်ကျောပွန်းခြစ် (၂)ချက်ဖြင့်လည်းကောင်း၊ ကိုချစ်ကိုသည် ဦးခေါင်းပြတ်ရှ(၆)ချက် ၊၀ဲလက်ဖျံပေါက်ပြဲ(၁)ချက်၊ယာညို့သကျဉ် ပြတ်ရှ(၃)ချက်၊ယာလက်ဖျံပြတ်ရှ(၁)ချက် ဖြင့် လည်းကောင်း စသည်ဖြင့် နှစ်ဦးစလုံးက ထိခိုက်ဒဏ်ရာပြင်းထန်မှုရှိသဖြင့် ဆေးရုံတင်ထားပြီး နှစ်ဦးစလုံး အတွင်းလူနာ အဖြစ် စိုးရိမ်ရကြောင်းနှင့်တရားလိုအားဖြင့် ဒုရဲအုပ် အောင်ဆန်းဦးက အမှုဖြင့် စစ်ဆေးထားကြောင်း သိရပါသည်။

ပုံ ကယားသတင်းများဖေ့ဘုတ်
ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လွိုင်ကော်မြို့တွင် ယာဉ်တိုက်မှုမှ ဓါးခုတ်မှုဖြစ်ပွားခဲ့  လွိုင်ကော်မြို့တွင် ယာဉ်တိုက်မှုမှ ဓါးခုတ်မှုဖြစ်ပွားခဲ့ Reviewed by သစ်ထူးလွင် on 21:35 Rating: 5
Powered by Blogger.