ကမ္ဘာ့နိုင်ငံတွေ အသင့်ပြင်ဖို့ ကမ္ဘာ့ဘဏ် သတိပေး

အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ (Credit: AFP) 
 အမေရိကန် ​အစိုးရက ​ငွေရေးကြေးရေး ​ပေါ်လစီ ​အပြောင်းအလဲ ​လုပ်ဖို့ ​စီစဉ်နေတာတွေနဲ့ ​ဒေါ်လာဈေး ​မြင့်တက်မှုတွေကြောင့် ​ရှေ့ဆက်မှာ ​အခက်အခဲတွေ ​ဖြစ်လာနိုင်တဲ့အတွက် ​ကမ္ဘာ့နိုင်ငံ ​အသီးသီးက ​ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ ​ကမ္ဘာ့ဘဏ်က ​သတိပေးလိုက်ပါတယ်။

ကမ္ဘာစီးပွား ​ကျဆင်းနေချိန်အတွင်း ​အခုလို ​အပြောင်းအလဲ ​လုပ်လိုက်ရင် ​ပြဿနာ ​အများကြီး ​ဖြစ်လာမှာကို ​ရှောင်တိမ်းတဲ့အနေနဲ့ ​အမေရိကန် ​အစိုးရအနေနဲ့ ​အပြောင်းအလဲကို ​နောက်တစ်နှစ်မှ ​လုပ်ဖို့ ​ကမ္ဘာဘဏ်က ​တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က ​ကမ္ဘာ့စီးပွားရေးက ​၂၀၁၅ ​ခုနှစ်အတွင်း ​၂.၈ ​% ​လောက်သာ ​တိုးမြင့်မယ်လို့ ​ခန့်မှန်းလိုက်ပြီး ​ဇန်နဝါရီလတုန်းကတော့ ​၃% ​ရှိမယ်လို့ ​ခန့်မှန်းထားပါတယ်။

ခန့်မှန်းထားတာထက် ​စီးပွားကျဆင်းရတာက ​အမေရိကန်နိုင်ငံ ​ငွေရေးကြေးရေး ​အခြေအနေ၊ ​ဥရောပမှာ ​စီးပွားရေး ​ကျဆင်းမှုတွေနဲ့ ​ဂျပန်နဲ့ ​တရုတ်နိုင်ငံမှာ ​တိုးတက်မှုတွေ ​နည်းပါးလို့ ​ဖြစ်ရတာလို့ ​ဆိုပါတယ်။

အမေရိကန်က ​ငွေရေးကြေးရေး ​ပေါ်လစီကို ​အပြောင်းအလဲ ​လုပ်လိုက်ရင် ​စီးပွားရေး ​တောင့်တင်းတဲ့ ​နိုင်ငံနဲ့ ​စီးပွားရေး ​မဖွံ့ဖြိုးတဲ့ ​နိုင်ငံတွေ ​ထိခိုက်မှု ​ခံရနိုင်တယ်လို့ ​သတိပေးလိုက်ပါတယ်။

ဒီအခြေအနေအတွင်း ​တိုးတက်စ ​ပြုလာတဲ့ ​နိုင်ငံတွေ ​သတိကြီးကြီးထားဖို့ ​ကမ္ဘာ့ဘဏ်အကြီးအကဲက ​သတိပေးလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကမ္ဘာ့နိုင်ငံတွေ အသင့်ပြင်ဖို့ ကမ္ဘာ့ဘဏ် သတိပေး  ကမ္ဘာ့နိုင်ငံတွေ အသင့်ပြင်ဖို့ ကမ္ဘာ့ဘဏ် သတိပေး Reviewed by သစ်ထူးလွင် on 14:44 Rating: 5
Powered by Blogger.