အဖမ်းခံကျောင်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

 ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

 ပညာရေးဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရပြီး သာယာဝတီ ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့ ကျောင်းသားတွေနဲ့ ၀ိုင်းရံသူတွေ ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အပြင် ထောင်တွင်းမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ထားရှိဖို့ AHRC အာရှလူ့အခွင့် အရေးကော်မရှင်က သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အသီးသီးကို တိုက်တွန်းလိုက်ပါတယ်။

ထောင်တွင်းက အခြေအနေတွေဟာ အခုအခါ  ဆိုးဝါးလာနေတယ်လို့ AHRC ရှေ့နေဦးမင်းလွင်ဦး က ပြောပြပါ တယ်။

လက်ပံတန်းမှာ မတ်လ ၁၀ ရက်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ထိခိုက်ဒဏ်ရာရထားသူတွေ ထိုက်သင့်သလို ဆေးဝါးကုသခံယူခွင့်မရကြဘူး လို့လည်း ဆိုပါတယ်။

ဝိုင်းရံသူ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်တို့ဟာလည်း ဖမ်းဆီးခံရချိန်က ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့် ထိထိရောက်ရောက် ဆေးမကုသခဲ့ရဘဲ နောက်ဆုံးမှ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကိုရောက်ရှိ သွားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မတ်လ ၁၀ ရက် အကြမ်းဖက်ဖြိုခွင်းချိန်က ကျောင်းသားနဲ့ ၀န်းရံသူ ၁၀၀ ကျော် ဖမ်းဆီးခံရပြီး တချို့ကို စွဲချက် မတင်ဘဲ ပြန်လွှတ်ပေးပြီး တချို့ကို အာမခံပေးလိုက်ပေမဲ့ ထောင်ထဲမှာ ၇၀ နီးပါး ချုပ်နှောင်ခံထားရတုန်းပဲလို့ လည်း AHRC ကြေငြာချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
အဖမ်းခံကျောင်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်  အဖမ်းခံကျောင်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် Reviewed by သစ်ထူးလွင် on 14:42 Rating: 5
Powered by Blogger.