တုန်ဟုန်းယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်


မိုးညှင်း ဇွန် ၎

ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် မော်ဟန်ကျေးရွာအကြားတွင် မေ ၃ဝ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်တိုင်အမှတ် (၁၇၅/၁-၂) ကြား လွယ်ခမ်းတောင်အဆင်းတွင် မြစ်ကြီးနားဘက်မှ ရွှေဘိုဘက်သို့ ယာဉ်မောင်း ဇေယျာထွန်း(ခ)အငယ်လေး မောင်းနှင်လာသည့် ၉ဂ/--- တုန်ဟုန်းယာဉ်သည် လမ်း၏ ဝဲဘက် ဘေးချောက်ထဲသို့ ဘရိတ်ပေါက် ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ၁၄ ဦးအနက်မှ ငြိမ်းချမ်းစိုး(၃ဝနှစ်) လွဲမွန်ကျေးရွာ မိုးညှင်းမြို့နယ်နေသူ သေဆုံးသွားခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ သည်။ ယင်းတုန်ဟုန်းယာဉ်ပေါ်တွင် တင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ မှာလည်း ပျက်စီးသွားကြောင်း သိရသည်။ (၁၇၁)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တုန်ဟုန်းယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်  တုန်ဟုန်းယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက် Reviewed by သစ်ထူးလွင် on 03:51 Rating: 5
Powered by Blogger.