ပြင်ဦးလွင်မြို့နယ်မှာ မိမိကိုယ်နှင့် ဇနီး/သားတို့ကိုပါ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့မှုဖြစ်ပွား


မိမိကိုယ်နှင့် ဇနီး/သားတို့ကိုပါ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့သူအား အရေးယူထား

နေပြည်တော်၊ ဇွန် ၂၁

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်(၈)နေ အောင်ကျော်(၄၂)နှစ်သည် နေအိမ်တွင် အရက်သောက်ပြီး ဓာတ်ဆီ (၂)ဗူးကိုယူဆောင်ကာ ၎င်း၏ခန္ဓာကိုယ်နှင့် ဇနီး မနှင်းဇာခြည်စန်း(၂၃)နှစ်၊ သားဖြစ်သူ ဟိန်းဝင်းအောင် (၄)နှစ်တို့အား လောင်းခဲ့သည်။

 ထို့နောက် အောင်ကျော်မှ မိမိကိုယ်ကို ဂက်စ်မီးခြစ်ဖြင့် မီးရှို့၍ ဇနီးနှင့် သားဖြစ်သူထံသို့ ဂက်စ်မီးခြစ်အား ပစ်လိုက်သောကြောင့်(၃)ဦးစလုံးမီးလောင်ခဲ့ရာ အတူနေ မနှင်းဇာခြည်စန်း၏မိခင် ဒေါ်မာဆွေ(၄၈)နှစ်မှ ဟိန်းဝင်းအောင်အားပွေ့ချီကာ ရေကန် အတွင်းသို့ ခေါ်ဆောင်မီးငြှိမ်းသတ်ခြင်း၊ ဦးစန်းတင့်(၅၁)နှစ်နှင့် ပတ်ဝန်းကျင်ရှိလူများက နေအိမ် အတွင်းသို့ ဝင်ရောက်မီးငြှိမ်းသတ်မှုတို့ကြောင့် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်မှုကြောင့် အောင်ကျော်၊ မနှင်းဇာခြည်စန်း၊ ဟိန်းဝင်းအောင်၊ ဒေါ်မာဆွေနှင့် ဦးစန်းတင့် တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်ကျော်အား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၄၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၇/၃၀၉/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ပြင်ဦးလွင်မြို့နယ်မှာ မိမိကိုယ်နှင့် ဇနီး/သားတို့ကိုပါ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့မှုဖြစ်ပွား  ပြင်ဦးလွင်မြို့နယ်မှာ မိမိကိုယ်နှင့် ဇနီး/သားတို့ကိုပါ ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:34 Rating: 5
Powered by Blogger.