ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားတဦး ရေခဲစက်တွင်း ပြုတ်ကျသေဆုံး


ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား တဦး ရေခဲစက်ထဲ ပြုတ်ကျသေဆုံး သွားတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၂ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်က မဟာချိုင်မြို့က ဆဲမ်ရေခဲစက်ရုံမှာ အလုပ်သမား တစ်ဦး မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်ကြည့်ရှုရာမှာ စတုရန်းတစ်မီတာလောက်ကျယ်တဲ့ ရေခဲကြိတ်စက် တခုအတွင်း နာကျင်စွာအော်ဟစ်အကူအညီတောင်းနေတဲ့ အလုပ်သမားတဦးကို တွေ့ရှိ ခဲ့တယ်လို့  ဆမွတ်ဆာခွန်းရဲစခန်းတာဝန်ကျ စခန်းမှူး ဖုန်းဖိဖတ် လိခစ်ယိုး ထင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အလုပ်သမားရဲ့ ဘယ်ဘက်ခြေထောက်ဟာ စက်ရဲ့ ကြိတ်ခြေမှုကို ခံခဲ့ရပြီး အခြား ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာရရှိကြောင်း၊ အလုပ်သမားကို ဂလူး ကို့စ်သွင်းပေးထားပြီး တဘက်ကလည်း ရေခဲစက်ကို ရိုက်ချိုးဖျက်ဆီးကာ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရကြောင်း၊ အလုပ်သမားကို အချိန် ၅ နာရီကြာ ကယ်တင်ခဲ့ပေမယ့် သွေးထွက်လွန်ခြင်း၊ နာကျင်မှုဒဏ်ကို မခံစားနိုင်ခြင်းကြောင့် အလုပ်သမားဟာ မနက် ၉ နာရီကျော်မှာ သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

လုပ်ဖော်ကိုင်ဘက် အလုပ်သမားတို့ ပြောပြချက်အရ သေဆုံးသူအလုပ်သမားဟာ အသက် ၁၉ နှစ်ရွယ် ကိုဖြူ ဆိုသူဖြစ်ပြီး အလုပ်ဝင်တာ ၁၅ ရက်ဘဲရှိသေးကြောင်း၊ သူဟာ အမြင့် ၁၀ မီတာလောက်နေ ရေခဲကြိတ်စက်ထဲကို ခြေချော်ပြုတ်ကျသွားတာဖြစ်နိုင်ပြီး အော်သံကြားလို့ တခြားအလုပ်သမားတွေ ရောက်လာကာ စက်ခလုတ်ကို ပိတ်ပေးခဲ့ရတယ်လို့  ရဲစခန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားတဦး ရေခဲစက်တွင်း ပြုတ်ကျသေဆုံး ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားတဦး ရေခဲစက်တွင်း ပြုတ်ကျသေဆုံး Reviewed by သစ်ထူးလွင် on 21:44 Rating: 5
Powered by Blogger.