ဆေးလိပ်မီးအပူပေး(ကျပ်တင်)ရာမှ မီးလောင်


မြင်းခြံ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁ဝ)ရပ်ကွက်တွင် ဇွန် ၁ ရက် နံနက် ၂ နာရီ မိနစ် ၅ဝ က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားစဉ်မှာ အမှတ်(၁ဝ) ရပ်ကွက်ရှိ ဒေါ်မြတ်သူထွေး၏ တစ်ထပ်တိုက် နေအိမ်မှဆေးလိပ်များကို မီးအပူပေး(ကျပ်တင်)ရာမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် တစ်ထပ် တိုက်နေအိမ်နှစ်လုံး၊ သွပ်မိုးထရံကာနေအိမ် တစ်လုံး၊ ပစ္စည်းသိုလှောင်ရာဂိုဒေါင်နှစ်လုံး လောင်ကျွမ်းပျက်စီးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးမှူး ကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြင်းခြံမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ခြောက်စီး၊ သံမဏိစက်ရုံမှ မီးသတ်ယာဉ် နှစ်စီး၊ စက်မှုဇုန်မှ မီးသတ်ယာဉ် တစ်စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် သုံးစီး၊ တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့မှ မီးသတ်ယာဉ် နှစ်စီးစီဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ မိနစ် ၄ဝ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ဆေးလိပ်မီးအပူပေး(ကျပ်တင်)သူ အလုပ်သမားခေါင်းဆောင် ကိုမောင်နိုင် (၃၃ နှစ်) အမှတ်(၁ဝ)ရပ်ကွက်နေသူကို မြင်းခြံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

ဇော်မင်းနိုင်(မြင်းခြံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆေးလိပ်မီးအပူပေး(ကျပ်တင်)ရာမှ မီးလောင်  ဆေးလိပ်မီးအပူပေး(ကျပ်တင်)ရာမှ မီးလောင် Reviewed by သစ်ထူးလွင် on 09:03 Rating: 5
Powered by Blogger.