ဆန္ဒပြမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နော်အုန်းလှ


ပြစ်ဒဏ် ၄ နှစ် ၈ လ ချမှတ်ခံထားရပြီးသားဖြစ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ပုဒ်မ ၂၉၆ ဘာသာရေး နှောင့်ယှက်ဖျက်စီးမှုနဲ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူ့ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးဟာ ရည်ရွယ်ချက်ရှိရှိ ချလိုက်တာဖြစ်တယ်လို့ ဒေါ်နော်အုံးလှက ဒီနေ့ ဒဂုံတရားရုံးက အမိန့်ချမှတ်အပြီးမှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ် မေလက ရွှေတိဂုံစေတီတော် အင်္ဂါထောင့်မှာအဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နော်အုန်းလှတို့အဖွဲ့က ဆုတောင်းခဲ့တာကို ရွှေတိဂုံဂေါပက က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂ဝဝ၇ခုနှစ် မေလက အဖြစ်အပျက်ကို ၂ဝ၁၃ နှစ် ၊ နှစ်ကုန်ခါနီးမှာ စတင်တရားစွဲဆိုခဲ့တဲ့အတွက် နော်အုန်းလှက သူ့ကိုရည်ရွယ်ချက်ရှိရှိ တရားစွဲခဲ့တာလို့ ပြောခဲ့တာပါ။

ဒါ့အပြင် နော်အုန်းလှဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးတာနဲ့ပက်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှု ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရတဲ့ နှစ်ပတ်လည်နေ့ ဆန္ဒပြမှု ထောင်ဒဏ် ၊ ဒီနေ့ ပြစ်ဒဏ်ချမှတ်တာက ၆ လဖြစ်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ၄ လ ကျခံရမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
ဆန္ဒပြမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နော်အုန်းလှ  ဆန္ဒပြမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နော်အုန်းလှ Reviewed by သစ်ထူးလွင် on 17:38 Rating: 5
Powered by Blogger.