ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စုတွင် အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားရာ တစ်ဦးသေ တစ်ဦးဒဏ်ရာပြင်းထန်


ဟင်္သာတ၊ ဇွန် ၁။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စု ဓာတ်သမြှောင်ကျေးရွာတွင် (၃၁-၅-၂၀၁၅)ရက် ညနေ (၅:၄၅) နာရီခန့်က အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားရာ ဟင်္သာတမြို့မှ ကိုလှမိုးဆိုသူမှာအခင်းဖြစ်နေရာတွင်သေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။

ဓာတ်သမြှောင်ကျေးရွာတွင်နေထိုင်သော ဦးလှမြင့်အဖွဲ့နှင့် ဟင်္သာတမြို့ မြ၀တီရပ်ကွက် သီရိအောင်မြေ (၆)လမ်းတွင်နေထိုင်သော ကိုလှမိုးအဖွဲ့သည် ၀က်အရောင်းအ၀ယ်ကိစ္စဖြင့် ဟင်္သာတမြို့တွင် စကားအချေအတင်ဖြစ်ပြီး၊ မကျေနပ်၍ သေဆုံးသူ ကိုလှမိုးတို့အဖွဲ့မှ ဓာတ်သမြှောင်ကျေးရွာသို့ လိုက်သွားရာတွင် ရွာခံ ဦးဝင်းမြင့်နှင့်အဖွဲ့မှ ဓားများဖြင့်ဝိုင်းခုတ်ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူကိုလှမိုးနှင့် အတူပါလာသူ သူငယ်ချင်း ကုလားဆိုသူမှာ ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသောကြောင့် ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း သိရသည်။

ယခုအချိန်ထိ တရားခံဦးလှမြင့်တစ်ဦးသာ ဖမ်းဆီးရမိထားပြီး၊ ဟင်္သာတမြို့ အမှတ်(၁)မြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကာ ကျန်သူများထွက်ပြေးလွတ်မြောက်ဆဲဖြစ်ကြောင်း သိရသည်။

Hinthata HumanRights
https://www.facebook.com/hinthata.humanright
ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စုတွင် အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားရာ တစ်ဦးသေ တစ်ဦးဒဏ်ရာပြင်းထန်  ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စုတွင် အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားရာ တစ်ဦးသေ တစ်ဦးဒဏ်ရာပြင်းထန် Reviewed by သစ်ထူးလွင် on 18:26 Rating: 5
Powered by Blogger.