ကျေးရွာပိုင်မီးစက် မီးပိတ်သည့်ကိစ္စနှင့် လူသတ်မှုဖြစ်


နေပြည်တော် ဇွန် ၁ဝ

ဇွန် ၇ ရက် ည ၈ နာရီက မကွေး တိုင်းဒေသကြီး ချောက်မြို့နယ် သစ် ချိုကုန်း အနောက်ကျေးရွာနေ ကျေး ရွာပိုင်မီးစက် မီးပေးသည့် ခေတ္တ တာဝန်ခံ ဦးဆန်းဝင်း (၃ဝနှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်အေးလှ(၃၇နှစ်) နှစ် တို့ကို မီးပိတ်ချိန် မီးပိတ်သည့်ကိစ္စကို မကျေနပ်သော တစ်ရွာတည်းနေ ကျော်ရွှေ (၂၇နှစ်) က လက်သီး နှင့်ထိုး၍ ဒဏ်ရာများရရှိခဲ့သည်။

 ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ဇွန် ၈ ရက်က ညှိနှိုင်းဖြေရှင်း ပေးခဲ့ရာ မကျေနပ်သဖြင့် ကျော်ရွှေက ညနေ ၄ နာရီခွဲတွင် ဦးဆန်းဝင်း၏ နေအိမ်အတွင်းဝင်ရောက်ပြီး အရှည် သုံးပေခန့် လုံးပတ် သုံးလက်မခန့်ရှိ ရှားသားတုတ်ဖြင့် ဝင်ရိုက်ရာ ဦးဆန်း ဝင်း၏ သားဖြစ်သူ မောင်စိုင်းစိုင်း (သုံးနှစ်)တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ဒေါ်အေးလှတွင်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျေးရွာပိုင်မီးစက် မီးပိတ်သည့်ကိစ္စနှင့် လူသတ်မှုဖြစ်  ကျေးရွာပိုင်မီးစက် မီးပိတ်သည့်ကိစ္စနှင့် လူသတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 06:10 Rating: 5
Powered by Blogger.