သျှမ်းပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြားချက် ကျေးသီးစည်ပင်လုပ်ဆောင်ခြင်းမပြု

ဓါတ်ပုံ- ကျေးသီးမြို့နယ်ခန်းမဘေးတွင် တည်ဆောက်ပြီးရေ မရှိသောရေလှောင်ကန်
ဂျွန်လ ၁၀ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့ရေပေးဝေရေးအတွက် သျှမ်းပြည်နယ် အစိုးရမှ ငွေကျပ်သိန်း ရာချီ ကူညီပေးအပ်ထားသည်ဟုဆိုသော်လည်း မြို့နယ်ကော်မတီစည်ပင်နှင့် မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ ယခုတိုင် ဒေသခံများအတွက် ရေသွယ်တန်းပေးခြင်းမရှိသေးကြောင်း ဒေသခံများ က ပြောဆိုပါသည်။

“သျှမ်းပြည်နယ်အစိုးရက ကျေးသီးဒေသခံတွေကို ရေပေးဝေဖို့အတွက် မြို့နယ်ကော်မတီစည်ပင် နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ပထမအကြိမ် ကျပ်သိန်း ၁၀၀ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက ချပေးတယ်။ မနှစ်က မိုင်းကိုင် ကိုရောက်တုန်းကလည်း စဝ်အောင်မြတ်က စည်ပင်ကို နောက် ထပ် ၂၀၀ ထပ်ပေးတယ်။ အခု ရေကန်ကပြီးပြီ။ ရေမရသေး ဘူး။ သောက်သုံးဖို့ အတွက် အခက်အခဲတွေ အများကြီး တွေ့ရပါတယ်” ဟု ကျေးသီး ရပ်မိ ပါနန်းကြာပုကပြောသည်။

ယမန်နှစ်က သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကျေးသီးသို့ရောက် ရှိစဉ် နွေရာ သီ ရေ ခက်ခဲသော ကန်ပန်၊ ဟော်ကုန်းရပ်ကွက်တို့ အား ရေရရှိရေး အမြန်ဆုံးေ ဆာင်ရွက်ပေးရန် မြို့နယ်စည်ပင်အား မှာကြား ခဲ့ပြီး ထောက်ပံ့ငွေကြေးေ ပးခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် စစ်ပြေးဒုက္ခသည် အများဆုံး ရှိသော ဒေသဖြစ်သဖြင့် အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်း လွန်စွာလိုအပ်သောနေရာဖြစ်ပါသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း မြစ်ရေတင်စီမံကိန်း ရေမြောင်း ဖေါက်လုပ်ရာ ပိုက်လိုင်းလမ်းကြောင်းကြောင့် ဒေသခံများ၏ ပဲစဉ်းငုံ နှင့် ဆေးရွက်ကြီး စိုက်ပျိုးရေး ခြံအများအပြားပျက်စီးခဲ့ရသည်။ သို့သော် လယ်သမားများ ယနေ့တိုင် ရေမရရှိသေးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
သျှမ်းပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြားချက် ကျေးသီးစည်ပင်လုပ်ဆောင်ခြင်းမပြု သျှမ်းပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြားချက် ကျေးသီးစည်ပင်လုပ်ဆောင်ခြင်းမပြု Reviewed by သစ်ထူးလွင် on 06:21 Rating: 5
Powered by Blogger.