မုံရွာ-မန္တလေးကားလမ်းမှာ မော်တော်ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းဒဏ်ရာရသေဆုံး


မြင်းမူ ဇွန် ၂၂

ဇွန် ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်လာသည့် 2G/--- ကင်တာ အဖြူရောင်ကုန်တင်ယာဉ်သည် မြင်းမူမြို့နယ် အလ္လကပ္ပရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် (၅၄/၆ ) နှင့် (၅၄/၇) အကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တံတားအမှတ် (၃/၅၅) လက်ရန်းပေါင်ကို ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ကျော်စွာဝင်းသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် တာဝန်မှူး ဒုရဲအုပ် ထွန်းသိန်းက တရားလို ပြုလုပ်တိုင်တန်းခြင်းဖြစ်သည်။

မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကားဖြင့် သေဆုံးသူကို ဆေးရုံပို့ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားသောနေရာ၌ ကားလမ်းပိတ်ဆို့သွားသဖြင့် ယာဉ်ကြော အမြန်ပွင့်စေရန် ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မုံရွာ-မန္တလေးကားလမ်းမှာ မော်တော်ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းဒဏ်ရာရသေဆုံး  မုံရွာ-မန္တလေးကားလမ်းမှာ မော်တော်ယာဉ်တိမ်းမှောက်၍ ယာဉ်မောင်းဒဏ်ရာရသေဆုံး Reviewed by သစ်ထူးလွင် on 06:31 Rating: 5
Powered by Blogger.