မြောက်ကိုရီးယားမှာ မိုးခေါင်ရေရှား


နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ ရှားပါးပြတ်လတ်မှုနဲ့ ကြုံတွေ့မှာကို စိုးရိမ်နေရကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဓိက ဆန်စိုက်ပျိုးရာ ဒေသတွေမှာ မိုးခေါင်တဲ့ ဒဏ်ကိုခံနေရပြီး စပါးစိုက်ခင်း ၃၀ ရာခိုင်နှုန်းကျော်ဟာ ချောက်သွေ့ပျက်စီးကုန်တယ်လို့ KCNA မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဆိုပါတယ်။

အထူးသဖြင့် ဆန်စိုက်ပျိုးရာ ပြည်နယ် ၄ ခုမှာ စပါးအထွက် ထိခိုက်ကုန်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ ပုံမှန်ရင်ဆိုင်နေရပြီး နိုင်ငံတွင်းရှိ ကလေး သုံးပုံတပုံဟာ အဟာရချို့တဲ့နေကြတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ နှစ်ပေါင်း ၃၀ အတွင်း မိုးအနည်းငယ်သာ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်များအတွင်း ငတ်မွတ်ခေါင်းပါးဘေး ဆိုက်ရောက်ခဲ့တဲ့အတွက် လူထောင်ပေါင်း များစွာ သေဆုံးခဲ့ရတယ်လို့ ယူဆထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မြောက်ကိုရီးယားမှာ မိုးခေါင်ရေရှား  မြောက်ကိုရီးယားမှာ မိုးခေါင်ရေရှား Reviewed by သစ်ထူးလွင် on 17:26 Rating: 5
Powered by Blogger.