အရွယ်မရောက်သေးသည့် သမီးငယ် ၂ဦးကို ပထွေးက မတရားပြုကျင့်


 သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တွင် နောက်အိမ်ထောင် အမျိုးသားက အရွယ်မရောက်သေးသော သမီးဖြစ် သူကို အဓမ္မပြုကျင့်မှုတစ်ရပ် ဇွန် ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဆင်ပေါင်ဝဲမြို့၊ အမှတ် ၃ ရပ်ကွက်နေ တရားလိုအသက် ၄၅ နှစ်ရှိ အမျိုးသမီးသည် ၎င်းနေအိမ်တွင် သမီးအကြီးဖြစ်သူ မ ---- အသက် ၁၁ နှစ်နှင့် သမီးငယ် မ --- အသက် ၉ နှစ်တို့နှင့်အတူ ဇွန် ၈ ရက် နေ့ ည ၁၁ နာရီချိန်က အတူအိပ်ရာ ဝင်ခဲ့ပြီးနောက် ဇွန် ၉ ရက်နေ့ နံနက် ၄ အချိန်ခန့်တွင် တရားလို အမျိုးသမီး၏ နောက်အိမ်ထောင် သန်းအောင် (ခေါ်) သက်လွင်ဦးက တရားလိုအမျိုး သမီး၏ သမီး မ---- အသက် (၁၁) နှစ်အပေါ် သားမယားပြုကျင့်နေသည်ကို တွေ့ခဲ့သောကြောင့် သမီးအပေါ်မှ တွန်းချခဲ့ပြီး ပတ်ဝန်းကျင် နေအိမ်များအား အသိပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါအမျိုးသမီးက သမီးနှစ်ဦးအား မေးမြန်းခဲ့ရာတွင် သမီး မ----၊ အသက် ၁၁ နှစ်က လွန်ခဲ့ သော ၇ ရက်ခန့်ကလည်း သားမယား အဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သမီး အငယ်က ၎င်းကို မဖွယ်မရာ ကိုင်ဆောင်ခဲ့ကြောင်း ပြော၍ သိရှိရသောကြောင့် အရွယ်မရောက်သေးသော သမီးဖြစ် သူတစ်ဦးအား သားမယားပြုကျင့်မှု အပါအ၀င် သမီးများအား စော်ကားသည့် သန်းအောင် (ခ) သက်လွင်ဦးကို အရေးယူပေးရန် တရားလို အမျိုးသမီးက ဇွန် ၁၀ ရက်နေ့ ညနေ ၄ နာရီချိန် တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့တိုင်တန်းမှုကြောင့် ဆင်ပေါင်ဝဲမြို့မရဲစခန်းမှ သန်းအောင်အား ဖမ်းဆီးကာ (ပ) ၅၁/၂၀၁၅၊ ပုဒ်မ ၃၇၆၊ ၃၅၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်ခင်မောင်စန်းက ဆိုသည်။

သတင်း - MMK
The Ladies News Journals
https://www.facebook.com/News.TheLadies
အရွယ်မရောက်သေးသည့် သမီးငယ် ၂ဦးကို ပထွေးက မတရားပြုကျင့်  အရွယ်မရောက်သေးသည့် သမီးငယ် ၂ဦးကို ပထွေးက မတရားပြုကျင့် Reviewed by သစ်ထူးလွင် on 19:33 Rating: 5
Powered by Blogger.