နီပေါနိုင်ငံ အနောက်ပိုင်း တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ်


ခတ္တမန္ဒူ ဇွန် ၂၈

နီပေါနိုင်ငံ အနောက်ပိုင်း တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ် ခဲ့ခြင်းကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး နေအိမ် အများအပြား ရေနစ်မြုပ် လျက်ရှိကြောင်း ဒေသတွင်း သတင်း ဌာနကြီး တစ်ခု က ဇွန် ၂၈ ရက်တွင် ဖော်ပြ ထားသည်။ နိုင်ငံ အတွင်း၌ လွန်ခဲ့သည့် သုံးရက်မှ စ၍ မိုးသည်း ထန်စွာ ရွာသွန်းမှု ကြောင့် ကာအီ လာလီ၊ ဒိုတီနှင့် ကန်ချာပူရ စသည့်ခရိုင် သုံးခုတွင် ဇွန် ၂၇ ရက်က လူ သေဆုံးမှုများ ဖြစ်ခဲ့ပြီး ဒေသ အတွင်းရှိ နေအိမ် ၂၅ဝဝ ကျော် မှာ ရေနစ်မြုပ်မှု ဒဏ်နှင့် ကြုံတွေ့ ရလျက်ရှိ ကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

 အလားတူ ရေကြီးမှု ကြောင့် နိုင်ငံ အနောက်ပိုင်း နှင့် ဆက်သွယ် ထားသည့် လမ်းမကြီးများ မှာ ရေလွှမ်းမိုး ခြင်းခံခဲ့ရပြီး မဟာကာလီ မြစ်မှ လျှံတက်လာ သည့် မြစ်ရေများ ကြောင့် ဘန်းဂါ ဘာဂါ ဒေသရှိ နေအိမ် သုံးလုံးမှာ ရေစီးနှင့် မျောပါ သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့တော် ခတ္တမန္ဒူ ၏ အနောက် ဘက် ကီလိုမီတာ၂ဝဝ အကွာရှိ ဂေါကာ ခရိုင် တွင် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိ သောကြောင့် မြစ် ကမ်းပါးနှင့် နီးစပ်သည့် ဒေသများရှိ ဒေသခံ ပြည်သူ များကို ဘေးလွတ် ရာသို့ အာဏာပိုင် များက ပြောင်းရွှေ့ ပေးထားကြောင်း နှင့် ယင်း ဒေသရှိ ဗောဓိဂန် ဒါကီ မြစ်မှာလည်း မြင့်တက် လျက်ရှိကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။ မြေပြို မှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း ၂ဝ ခန့် ပြိုကျ ခဲ့ကြောင်း ထုတ်ပြန် ချက်များ အရ သိရသည်။

Pyi Chit thar
http://www.pyichitthar.com
နီပေါနိုင်ငံ အနောက်ပိုင်း တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ်  နီပေါနိုင်ငံ အနောက်ပိုင်း တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ် Reviewed by သစ်ထူးလွင် on 12:23 Rating: 5
Powered by Blogger.