လှည်းတန်းလမ်းဆုံအနီး ယာဉ်ရှစ်စီးဆင့်တိုက်


ရန်ကုန် ဇွန် ၂

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးတွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ယာဉ်ရှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အင်းစိန်မှ ဆူးလေ ဘက်သို့ အင်းစိန်လမ်းမအတိုင်း ယာဉ်မောင်း ဦးခင်မြင့် မောင်းနှင်လာ သည့် စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ခရီးသည်တင် မီနီဘတ်စ် အပြာရောင် ယာဉ် 2G/ . . . သည် ကမာရွတ် မြို့နယ် စံရိပ်ငြိမ်(၂) လမ်းထိပ် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လှည်းတန်းမီးပွိုင့်တွင် တန်းစီစောင့် ဆိုင်းနေသည့် ယာဉ်မောင်း ဦးမျိုးမင်း မောင်းနှင်သည့် ကရီနာ အဖြူရောင်အငှားယာဉ်ကို ဝင်ရောက် တိုက်မိခဲ့သည်။

ယင်းသို့ အရှိန်ဖြင့် တိုက်မိသော ကြောင့် အငှားယာဉ်ရှေ့တွင် မီးပွိုင့် ၌ တန်းစီစောင့်ဆိုင်းလျက်ရှိသည့် တိုယိုတာ ဘယ်တာ ကိုယ်ပိုင်ယာဉ်၊ တိုယိုတာ ပရီဗီယာကိုယ်ပိုင်ယာဉ်၊ ပရိုဘောက်စ်အငှားယာဉ်၊ အေဒီဗင် အငှားယာဉ်၊ ပရိုဘောက်စ် ကိုယ်ပိုင် ယာဉ်နှင့် (၄၈)ယာဉ်လိုင်းမှ ခရီး သည်တင်ယာဉ်တို့အား ဆင့်ကဲယာဉ် ရှစ်စီးတိုက်မိသဖြင့် ထိခိုက်ပျက်စီး မှုရှိခဲ့ကြောင်း သိရသည်။

မင်းသစ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှည်းတန်းလမ်းဆုံအနီး ယာဉ်ရှစ်စီးဆင့်တိုက် လှည်းတန်းလမ်းဆုံအနီး ယာဉ်ရှစ်စီးဆင့်တိုက် Reviewed by သစ်ထူးလွင် on 05:55 Rating: 5
Powered by Blogger.