လှိုင်သာယာမြို့နယ်အတွင်းမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူလျက်ရှိ


ရန်ကုန်၊ ဇွန် ၂၂

၂၀.၆.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်နေ ကိုသန်းဇော်သက်သည် မိန်းကလေး သူငယ်ချင်းနှင့်အတူ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ငွေပင်လယ်ဘုရားဖူးပြီး ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ရာ ဘုရားလမ်းကွေ့အရောက် ဆိုင်ကယ်ချိန်းကျသဖြင့် ပြုပြင်နေစဉ် အမည်မသိ အမျိုးသား(၄)ဦးရောက်ရှိလာပြီး ဓါးဖြင့်ထောက်ကာ သူငယ်ချင်း ဖြစ်သူဝတ်ဆင်ထားသော လော့ကက်သီးပါရွှေဆွဲကြိုး၊ လက်စွပ်၊ လက်ကိုင် ဖုန်း(၂)လုံး၊ CZI-125 ဆိုင်ကယ်(၁)စီးနှင့် ငွေကျပ်(၁၅၀၀၀)၊ စုစုပေါင်း တန်ဘိုးငွေကျပ်(၁၀၁၀၀၀၀)တို့အား လုယက်ယူဆောင်ခြင်းခံခဲ့ရသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၀၀၅/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုအား စုံစမ်းဆောင်ရွက်နေစဉ် ၂၁.၆.၂၀၁၅ ရက်နေ့ညတွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ၀၂၄၅ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စပယ်လမ်း၌ ဆိုင်ကယ်(၁)စီးနှင့်အတူ မင်္သကာဖွယ် တွေ့ရှိသူ လှိုင်သာယာမြို့နယ်နေ ၀င်းကိုနိုင်၊(၂၁)နှစ်၊ အောင်ခိုင်၊ (၂၂)နှစ်၊ ထိန်လင်း၊ (၂၄)နှစ်နှင့် အေးမင်း၊ (၁၉)နှစ်တို့အားစစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဓါးဦးချွန်များတွေ့ရှိသိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မ-၁၉(င)နှင့် ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ-၃၀(ဃ)တို့ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါသည်။

၎င်းတို့(၄)ဦးအား စစ်ဆေးရာမှ ဖော်ပြပါ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွား ခဲ့သော လုယက်မှုကို ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဆက်လက်အရေးယူလျက်ရှိပါသည်။

၎င်းတို့ထံမှ အမှုမှ ပါဆုံးသွားသည့် သက်သေခံရွှေထည်ပစ္စည်းအချို့၊ ဖုန်း(၁)လုံးနှင့် ဆိုင်ကယ်တို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ကျန်သက်သေခံပစ္စည်းများသိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အခြားပြစ်မှုများကျူးထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လှိုင်သာယာမြို့နယ်အတွင်းမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူလျက်ရှိ  လှိုင်သာယာမြို့နယ်အတွင်းမှ လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူလျက်ရှိ Reviewed by သစ်ထူးလွင် on 18:07 Rating: 5
Powered by Blogger.