ငြမ်းပြိုကျရာမှာ သေဆုံးသူ ၁ ဦးနဲ့ အသက်ရှင်သူ ၁ ဦးတွေ့


 မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး စီမံကိန်း ဧရိယာက Pullman ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ငြမ်းပြိုကြပြီး ပိတ်မိနေတဲ့ ဆောက်လုပ်ရေးလုပ်သား ၁ ဦးကို ကယ်ဆယ်လိုက်နိုင်ပြီး နောက်ထပ် အလုပ်သမားတစ်ဦးကို သေဆုံးနေတာတွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၂၁ ဦးရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ ကုတင်သုံးရာဆေးရုံကြီးမှာ တင်ထားရတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ချမ်းမြသာစည်မြို့နယ် ဒုတိယတပ်ရင်းမှူး ဦးမြင့်သိန်းက ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းက Pullman ဟိုတယ်ရဲ့ လုပ်ငန်းခွင် ပထမထပ်ကို ကွန်ကရစ်လောင်းရာကနေ ငြမ်းပြိုကျခဲ့တာဖြစ်ပြီး ဒီနေ့ ညနေပိုင်း အသက်ရှင်လျက် အလုပ်သမားတစ်ဦးနဲ့ သေဆုံးသူတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Pullman ဟိုတယ်ဆောက်လုပ်ရေးရဲ့ အခုပြိုကျခဲ့တဲ့နေရာကို တာဝန်ယူဆောင်ရွက်နေတဲ့ ဥာဏ်မိသားစုဆောက်လုပ်ရေး တာဝန်ခံ ဦးဥာဏ်လင်းကို ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
ငြမ်းပြိုကျရာမှာ သေဆုံးသူ ၁ ဦးနဲ့ အသက်ရှင်သူ ၁ ဦးတွေ့  ငြမ်းပြိုကျရာမှာ သေဆုံးသူ ၁ ဦးနဲ့ အသက်ရှင်သူ ၁ ဦးတွေ့ Reviewed by သစ်ထူးလွင် on 22:15 Rating: 5
Powered by Blogger.