အသေခံဗုံးခွဲသမားတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အီရတ်ပြော


အီရတ် နိုင်ငံ ထဲ မှာ ပြီးခဲ့တဲ့ ၂ ရက် အတွင်း အသေခံ ကားဗုံးခွဲ တိုက် ခိုက် ဖို့ ကြိုးစား လာမှု ၁၇ ကြိမ် ရှိတယ် ဆိုပြီး လုံခြုံရေး အာဏာပိုင် တွေ က ပြောပါတယ်။

အသေခံ ဗုံးခွဲ မယ့်သူ တွေ လို့ ယူဆရ သူ ၅ ဦး ကို ဘေဂျီ ရေနံချက် စက်ရုံ အနီး အီရတ် လုံခြုံရေး ရဲ အဖွဲ့ တွေ က ပစ်သတ် ခဲ့ရတယ် လို့လည်း ဆိုပါတယ်။

IS အဖွဲ့ နဲ့ ဆက်စပ် နေတဲ့ လူမှု ကွန်ရက် စာမျက် နှာ တွေ ပေါ် တက်လာ တဲ့ ဓာတ်ပုံ တွေ ကတဆင့်၊ အီရတ် နိုင်ငံ ထဲ မှာ အသေခံ ဗုံးခွဲ မှု ပြုလုပ် ခဲ့ သူ တစ်ဦး ဟာ အသက် ၁၇ နှစ် အရွက် ဗြိတိန် နိုင်ငံသား လူငယ် တစ်ဦး ဖြစ် နေတာ ကို မိဘ ဆွေ မျိုး တွေ က မှတ်မိ ခဲ့ ကြ တယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ အီရတ် အာဏာ ပိုင် တွေ က အဲဒီ့သူ ဘယ်သူ ဘယ်ဝါ ဆိုတာ သူတို့ အနေနဲ့ မသိရ သေးဘူး လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/timeline
အသေခံဗုံးခွဲသမားတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အီရတ်ပြော  အသေခံဗုံးခွဲသမားတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အီရတ်ပြော Reviewed by သစ်ထူးလွင် on 09:33 Rating: 5
Powered by Blogger.