ဟားခါးမြို့၌ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားရာ လူနှစ်ဦးသေဆုံး


ဟားခါး ဇွန် ၂ဝ

ချင်းပြည်နယ် ဟားခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွား၍ ဟားခါးမြို့ မြို့သစ်ရပ်ကွက် BOC အစိုးရဆီဆိုင်အနီး မီးသတ်ရုံအောက်နား မြို့ပတ်လမ်းတွင် မြေပြိုမှုကြောင့် လူနှစ်ဦး သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်က ဟားခါးမြို့ မြို့သစ်ရပ်ကွက် BOC အစိုးရဆီဆိုင်အနီး မီးသတ်ရုံအောက်နား မြို့ပတ်လမ်း ရေနုတ်မြောင်းတူးဖော်မှု လုပ်ငန်းဆောင်ရွက်နေစဉ် မြေပြိုမှုကြောင့် ဒေါ်ပါရ်ဇီး အသက်(၂၁)နှစ်နှင့် ဒေါ်တာလ်သင်းမွေး(၂၃)နှစ်တို့သည် မြေပိ၍ သေဆုံးသွားကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဟားခါးမြို့၌ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားရာ လူနှစ်ဦးသေဆုံး  ဟားခါးမြို့၌ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားရာ လူနှစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 07:57 Rating: 5
Powered by Blogger.