ရန်ဇီမြစ်မှာ ၁၄ ဦးကယ်နိုင် ၄၀၀ ကျော်ပျောက်နေဆဲ

ရန်ဇီမြစ်အောက်ပိုင်း ကီလိုမီတာ ၁၅၀ မှာ ရှာဖွေမှုတွေ လုပ်နေဆဲ (Credit: Reuters) 
တရုတ်နိုင်ငံ ​ရန်ဇီ ​မြစ်မှာ ​နစ်မြုပ်သွားတဲ့ ​သင်္ဘောပေါ်က ​လူတွေကို ​ရှာဖွေ ​ကယ်ဆယ်ဖို့ ​ကြိုးစားနေကြပေမယ့် ​ရာသီဥတု ​ဆိုးဝါးမှုကြောင့် ​အခက်အခဲ ​ဖြစ်နေရဆဲ ​ဖြစ်ပါတယ်။

လူပေါင်း ​၄၅၈ ​ယောက် ​တင်ဆောင်လာတဲ့ ​သင်္ဘောပေါ်က ​လူ ​၁၄ ​ယောက်ကို ​အသက်ရှင်လျက် ​ကယ်ဆယ်နိုင်ပြီး ​၁၈ ​ယောက် ​သေဆုံးကြောင်း ​အတည်ပြုနိုင်ပြီ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အယောက် ​၄၀၀ ​ကျော် ​ပျောက်ဆုံးနေသေးတဲ့အတွက် ​မနေ့ညတုန်းက ​ကူညီကယ်ဆယ်ရေးသမား ​ထောင်နဲ့ချီ ​ညလုံးပေါက် ​ရှာဖွေမှုတွေ ​လုပ်ခဲ့ကြပါတယ်။

အခုဆိုရင် ​မြစ်အောက်ပိုင်းက ​ကီလိုမီတာ ​၁၅၀ ​အကွာအဝေးအထိ ​ရှာဖွေရေးတွေ ​လုပ်နေပြီလို့ ​တရုတ် ​အစိုးရက ​ပြောပါတယ်။

အသက်ရှင် ​ကျန်ရစ်တဲ့ ​သင်္ဘောကပ္ပတိန်နဲ့ ​အင်ဂျင်နီယာကို ​ရဲတွေက ​ထိန်းသိမ်းထားပါတယ်။

အဲဒီလှေပေါ်မှာ ​သက်ကြီးရွယ်အိုတွေ ​အများဆုံး ​ပါဝင်ပြီး ​ခရီးသွား ​အေဂျင်စီတွေရဲ့ ​အစီအစဉ်နဲ့ ​အလည်အပတ် ​သွားလာကြတုန်း ​အခုလို ​အဖြစ်ဆိုးတွေနဲ့ ​ကြုံရတာ ​ ဖြစ်ပါတယ်။ ​သင်္ဘောဘာကြောင့် ​နစ်မြုပ်သွားသလဲ ​ဆိုတာ ​မသိရသေးပေမယ့် ​သင်္ဘောနစ်မြုပ်တဲ့အချိန်ဟာ ​လေပြင်းမုန်တိုင်း ​ဖြစ်နေချိန်နဲ့ ​တိုက်ဆိုင်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရန်ဇီမြစ်မှာ ၁၄ ဦးကယ်နိုင် ၄၀၀ ကျော်ပျောက်နေဆဲ ရန်ဇီမြစ်မှာ ၁၄ ဦးကယ်နိုင် ၄၀၀ ကျော်ပျောက်နေဆဲ Reviewed by သစ်ထူးလွင် on 16:56 Rating: 5
Powered by Blogger.