မိုဟာမက် ကာတွန်းတွေ ပြသမယ်လို့ ဒတ်ခ်ျ လွတ်တော်အမတ် ပြော


အစ္စလာမ်ဆန့်ကျင်တဲ့ ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders က တမန်တော် မိုဟာမက်ပုံ ကာတွန်းတွေကို တီဗွီမှာ ပြသသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီကာတွန်းတွေဟာ ပြီးခဲ့တဲ့လထဲက တက္ကဆက်စ်ပြည်နယ် Dallas မြို့မှာ ကာတွန်းပြိုင်ပွဲကျင်းပခဲ့စဉ် ပြသခဲ့တာဖြစ်ပြီး အဲဒီပြပွဲကို သေနတ်သမား နှစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Wilders က အဲဒီပြပွဲမှာ အဓိက ဦးဆောင်သူတဦး ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသားတွေအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ နဲ့ အကြမ်းဖက်သမားတွေဟာ ဘယ်တော့မှ အောင်မြင်မှုရရှိမှာ မဟုတ်ဘူးဆိုတာ သူတို့ သိဖို့လိုတယ်လို့ မစ္စတာ Wilders က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မစ္စတာ Wilders ဟာ Party for Freedom (PVV) ကို ဦးဆောင်သူဖြစ်ပြီး အစ္စလာမ်ဘာသာကို မကြာခဏ ဝေဖန်ပြောဆိုလေ့ရှိကာ ကိုရမ်ကျမ်းစာကို နယ်သာလန်မှာ ပိတ်ပင်ဖို့ တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

မွတ်စလင်အများစုကတော့ တမန်တော် မိုဟာမက်ပုံ ရေးဆွဲ သရုပ်ဖော်ပြသမှုတွေဟာ သူတို့ကို စော်ကားရာရောက်တယ်လို့ ယူဆခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မိုဟာမက် ကာတွန်းတွေ ပြသမယ်လို့ ဒတ်ခ်ျ လွတ်တော်အမတ် ပြော မိုဟာမက် ကာတွန်းတွေ ပြသမယ်လို့ ဒတ်ခ်ျ လွတ်တော်အမတ် ပြော Reviewed by သစ်ထူးလွင် on 17:10 Rating: 5
Powered by Blogger.