ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ငါးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ


မန္တလေး မေ ၃၁

နေပြည်တော်မှ မန္တလေးမြို့သို့ ယာဉ်မောင်း ကျော်စိုးမောင်းနှင်လာ သည့် YGN 2G/- - - - ခရီးသည် တင် မှန်လုံယာဉ်သည် မေ ၃၁ ရက် (ယနေ့)နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၅၇/ဝ) အရောက် တွင် ယာဉ်အရှိန်မထိန်းနိုင်ဘဲ အဝိုင်းပတ် အုတ်ခုံအား ဝင်ရောက် တိုက်မိကာ ကွန်ကရစ်လမ်းမကြီး ပေါ်တွင် တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်လိုက်ပါသည့် ခရီးသည် ၃၅ ဦး အနက် အမျိုးသမီးလေးဦးနှင့် အမျိုး သားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ ခရီးသည်တင် မှန်လုံ ယာဉ်ကို ယာဉ်မောင်း ကျော်စိုး (၃၅ နှစ်)သည် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ် မောင်းနှင်လာစဉ် အဝိုင်းပတ်အုတ်ခုံကို ဝင်ရောက် တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးလေးဦး၊ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ဝ ဦး၊ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရရှိသူများအား ပြုစုနိုင်ရေးအတွက် အနီးဆုံးဖြစ် သည့် တံတားဦးမြို့နယ်ဆေးရုံတွင် ရှေးဦးစွာ ကုသပြုစုပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကားပေါ်တွင် ခရီးသည် အမျိုးသား ၂ဝ၊ အမျိုးသမီး ၁၅ ဦးပါရှိ ပြီး ယာဉ်မောင်းကျော်စိုးအား အမြန် လမ်းမကြီးရဲစခန်း (စကားအင်း)က အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

သတင်း-တင်မောင်(မန္တလေး)
ဓာတ်ပုံ-ရဲတင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ငါးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ငါးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.