မိုးသည်းထန်ပြီး လေပြင်းတိုက်မှုကြောင့် ကျိုက်ထီးရိုးစေ တီတော် ကျောက်လုံးမှ ရွှေသရိုးဖတ်များကွာကျ



ကျိုက်ထို ဇွန် ၈

ကျိုက်ထိုမြို့နယ်တွင် ဇွန် ၆ ရက် ည ၁ဝနာရီခန့်က မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် ကျိုက်ထီးရိုး စေတီတော် ကျောက်လုံးတော်ကြီးမှ ပပ်ကြားအက်ကာ တစ်လက်မပတ် လည်ခန့် ရှိ ရွှေသရိုး ဖတ်များ ကွာကျခဲ့ကြောင်း သိရသည်။

အဆိုပါရွှေသရိုးဖတ်များကို တာဝန်ရှိသူများက ရှာဖွေခဲ့ရာ သစ်စေး (စစ်စီး) ရွှေရောထားသည့် ရွှေသရိုးဖတ် ခန့်မှန်း အလေးချိန် တစ်ပိဿာ ၄၅ ကျပ်သားခန့်ကို တွေ့ရှိသဖြင့် ရင်ပြင်တော်အလှည့်ကျ ဂေါပကအဖွဲ့ဝင် ဦးအောင်မြင့် ထံတွင် အပ်နှံထားကြောင်း၊ ဇွန် ၇ ရက် နံနက် ၇ နာရီခွဲ ခန့်က ရင်ပြင်တော်ချောက်အတွင်းမှ တစ်လက် မခန့်ရှိ ရွှေသရိုးဖတ် ငါးပိဿာ ၆ဝ ကျပ်သားခန့်တို့ကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ၄င်းဂေါပက အဖွဲ့ဝင် ထံပင် ထပ်မံအပ်နှံထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးသည်းထန်ပြီး လေပြင်းတိုက်မှုကြောင့် ကျိုက်ထီးရိုးစေ တီတော် ကျောက်လုံးမှ ရွှေသရိုးဖတ်များကွာကျ  မိုးသည်းထန်ပြီး လေပြင်းတိုက်မှုကြောင့် ကျိုက်ထီးရိုးစေ တီတော် ကျောက်လုံးမှ ရွှေသရိုးဖတ်များကွာကျ Reviewed by သစ်ထူးလွင် on 11:31 Rating: 5
Powered by Blogger.