ဝ တပ်ဖွဲ့ နှင့် အစိုးရတပ်များ နေရပ်အသီးသီးသို့ တပ်ရုပ်ပြန် တင်းမာမှုများပြေလျော့

ဓါတ်ပုံ- စစ်အစိုးရလက်ထက်က ဦးသိန်းစိန်နှင့် ၀ တပ်ဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျှံ
ဂျွန် ၉ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ် မှုပြဿနာေ ကြာင့် စစ်ရေး တင်းမာနေ သည့် ၀ တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား ညှိနှိုင်းမှု ပြီးဆုံးကာ နှစ်ဘက်တပ်များ အသီးသီးပြန်လည် ရုပ်သိမ်းသွား သည်ဟုသိရသည်။

ဂျွန် ၈ ရက် ၂၀၁၅ ပုံပါကျင်မြို့ ရဲစခန်း၌ နှစ်ဘက်ခေါင်းဆောင်များေ တွ့ဆုံကြောင်း၊ အစိုးရဘက်မှ ဖမ်းထားသည့် ၀ တပ်ဖွဲ့ဝင်အားလုံး အား မြန်မာအစိုးရ ဘက်မှ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ထို့အတူ ၀ တပ်ဖွဲ့ ဘက် ကလဲ ၎င်းတို့ ထိန်းသိမ်းထားသည့် မြန်မာအစိုရ သစ်တောဝန်ထမ်းနှင့် ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးအား ပြန်လွှတ်ေ ပးလိုက်သောေ ကြာင့် နှစ်ဘက် ချိန်ထားသည့်တပ်များ၊ အစိုးရတပ် ဘက်မှ သံချပ်ကာ ကားများ အားလုံး ယမန်နေ့ မွန်းလွဲ ပိုင်းက အသီးသီး တပ်ရုပ်ပြန်သောကြောင့် နှစ်ဘက် တင်းမာနေသည့် အနေအထား ပြေလျော့သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

“မနေ့က အထိတော့ နှစ်ဘက်တပ်တွေ တွေ့နေရတုန်း။ မွန်းလွဲ ပိုင်း နဲ့ ညနေပိုင်းမှာတော့ တပ်ရုပ်ပြန် သွားကြပြီ။ အစိုးရတပ်ရဲ့ သံချပ်ကာ ကား နဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကား ၆ စီးလဲ မိုင်းတုံမြို့ ထဲကို ပြန်သွားဘီ။ ၀ တွေလဲ ဟွေ့အော့် ဌာချုပ်ကို အကုန်တပ်ရုပ်ပြန်ပြီ။ တိုက်ပွဲတော့ မဖြစ်လောက်တော့ ဘူး။ စိတ်အေးသွားပြီ” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တဦးကပြောသည်။

မိုင်းတုံမြို့နှင့် ပုံပါကျင်မြို့ အကြား မယ့်ကဲန်းကျေးရွာအုပ်စု မိုင်းခေတ် သစ်တောကြိုးဝိုင်း ဟွေ့နမ့်ဆိုင် တွင် သစ်ခုတ်နေသည့် ၀ တပ်ဖွဲ့ ဝင် ၁၆ ဦးအား ဖမ်းဆီးရမိသစ်များနှင့်အတူ အစိုးရဘက်မှ ထိန်းသိမ်း ထားကြောင်း၊ မြန်မာ ပြည်သားဟု ယူဆရသည့်သူ ၁၀ ဦးအား လွှတ်ပေးလိုက်သော်လည်း အမျိုးသား မှတ်ပုံတင် မရှိသေးသည့်တရုတ်လူမျိုးအား လွတ်ပေးခြင်းမရှိသောကြောင့် သစ်တော နှင့် ရဲ တပ်သား ၁၁ ဦးအား ၀ တပ်ဖွဲ့ ဘက်မှ ပြန်လည်ဖမ်းဆီးလိုက်ကြောင်း၊ အပြန်အလှန် ဖမ်းဆီးခံရသူများအား အသီးသီး ပြန်လည်လွှတ်ပေးဖို့ သဘောတူသောကြောင့် တပ်များ ရုပ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်လူမျိုးဟု ယူဆသည့် သူ ၆ ဦး အားလွှတ်ပေးမှုအား သီးခြားအတည်ပြုချက်မရပေ။

“မြန်မာအစိုးရ အနေနဲ့ စိတ်ဆန္ဒအရင်းခံဆိုရင် ၀ ကို ကြည့်မရဘူး။ ဒီလတ်တလောအခြေအနေရ ပိုတိုက်ချင်နေတယ်လို့သိရတယ်။ ဒါပေမယ့် မဟာဗျူဟာအရ ကတော့ ၀ ကို အခွင့်အရေး ပေးထား တာက သျှမ်းကို တိုက်ခိုက်ခြေမှုန်းဖို့ဖြစ်တယ်။ ဒါပေမယ့် ခက်တာက ၀ နောက်မှာ တရုတ်ရှိနေတော့ ခက်နေတာ။ သျှမ်းတပ် အနောက်မှာ ဘာမှ မရှိဘူးလေ” - ဟု သျှမ်းတော်လှန် ရေးသမားဟောင်း တဦးက သုံးသပ်သည်။

၂၀၀၁ - ၀၂ နှင့် ၂၀၀၅ ခုနှစ်တွင် ၀ တပ်ဖွဲ့များအား သျှမ်းပြည်တပ်မတော် RCSS/SSA ဌာချုပ် လွယ်တိုင်းလျဲန်းသို့ မြန်မာအစိုးရတပ်ညွှန်ကြားမှုဖြင့် သွားရောက်တိုက်ခိုက်ခဲ့ဘူးသည်။ တာချီလိတ် ၊ မိုင်းဆတ် ခရိုင် ထိုင်းနယ် စပ်သို့ ၀တပ်ဖွဲ့ရောက်လာရခြင်းသည်လည်း သျှမ်းလက်နက် ကိုင်တပ်ဖွဲ့ များအား တိုက်ခိုက်ချေမှုန်းနိုင်လျှင် ၎င်းတို့ ထိန်းချုပ်နယ်မြေများအားလုံး ၀ တပ်ဖွဲ့အားလွှဲအပ်မည်ဟု ထိုစဉ်စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ၀ တပ်ဖွဲ့အား ပြောကြားခဲ့ဘူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဝ တပ်ဖွဲ့ နှင့် အစိုးရတပ်များ နေရပ်အသီးသီးသို့ တပ်ရုပ်ပြန် တင်းမာမှုများပြေလျော့ ၀ တပ်ဖွဲ့ နှင့် အစိုးရတပ်များ နေရပ်အသီးသီးသို့ တပ်ရုပ်ပြန် တင်းမာမှုများပြေလျော့ Reviewed by သစ်ထူးလွင် on 19:28 Rating: 5
Powered by Blogger.