သံတွဲမှာ ရေကြီး

 သံတွဲမှာ အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၄၀၀ ကျော်ကို ကယ်ဆယ်ရေး စခန်းမှာ ကယ်ဆယ်ထားရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အံတော်ရွာမှာ အိမ် ၅ လုံး ရေထဲပါသွားတယ်လို့ အံတော်ဆရာတော်က ပြောပါတယ်။

အဓိကတော့ သောက်ရေ အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။ သံတွဲမြို့နယ် ဒါဝ ရွာမှာ လေဆင်နှာမောင်းကျတဲ့ အတွက် အိမ် ၈၀ ပြိုသွားပါတယ်။

ရေကျပြီးမှ ပြန်တက်လာတဲ့ အတွက် လူတွေ ကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
မင်းပြားမှာတော့ လေးမြို့မြစ်ရေနဲ့ အတူ အိမ်သုံးအိမ် ရေထဲမျော ပါသွားပါတယ်။

အမ်းမြို့မှာလည်း ရေကြီးပြီး အသေအပျောက်တွေ ရှိတယ်လို့ သတင်းတွေ ရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese
အောက်ပါ ဓာတ်ပုံတွေကတော့ သံတွဲမှာ ရေကြီးနေတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။




သံတွဲမှာ ရေကြီး  သံတွဲမှာ ရေကြီး Reviewed by သစ်ထူးလွင် on 18:51 Rating: 5
Powered by Blogger.