ကျိုက်ထိုမြို့နယ်တွင် ဆိုင်ကယ်သုံးစီးဆင့်ကဲတိုက်မိ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာများရရှိ


ကျိုက်ထို ဇွန် ၁၆

ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ လူသေဆုံး ဒဏ်ရာရမှု ဖြစ်ပွားစဉ် လဲနေသော ဆိုင်ကယ်များအား နောက်တစ်စီးက ထပ်မံတိုက်မိမှုတစ်ခု ဇွန် ၁၄ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စွပ္ပနူးရွာဘက်မှ မုပ္ပလင်ရွာဘက်သို့ အောင်မျိုဝင်း (၂၈)နှစ် စွပ္ပနူးရွာနေသူ မောင်းနှင်လာသောWave 100 ၃၇ ယ/----- ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ ထက်ပိုင်ထူး (၂၃)နှစ် ဇေယျာမွန်ရပ်ကွက် ကျိုက်ထိုမြို့နေသူမောင်းနှင်ပြီး နောက်မှ နိုင်လင်းထွန်း လိုက်ပါစီးနင်းလာသော Wave 100 ဆိုင်ကယ်တို့ တိုက်မိ၍လဲကျစဉ် စွပ္ပနူးရွာဘက်မှ မုပ္ပလင်ရွာဘက်သို့ မျိုးကို (၂ဝ)နှစ် ဖိုးစပါယ်ကျေးရွာ ဝေါမြို့နယ်နေသူ မောင်းနှင်လာသော Dream 125ဆိုင်ကယ်က ဝင်ရောက်တိုက်မိခဲ့သည်။

ဆိုင်ကယ်တိုက်မှုဖြစ်စဉ်များကြောင့် အောင်မျိုးဝင်းတွင်ဒဏ်ရာများဖြင့် နေရာတွင်သေဆုံးပြီး ထက်ပိုင်ထူး၊ နိုင်လင်းထွန်းနှင့် မျိုးကိုတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး အမှုနှင့် ပတ်သက်၍ သိမ်ဇရပ်နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ရဲခေါင်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျိုက်ထိုမြို့နယ်တွင် ဆိုင်ကယ်သုံးစီးဆင့်ကဲတိုက်မိ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာများရရှိ  ကျိုက်ထိုမြို့နယ်တွင် ဆိုင်ကယ်သုံးစီးဆင့်ကဲတိုက်မိ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာများရရှိ Reviewed by သစ်ထူးလွင် on 11:01 Rating: 5
Powered by Blogger.