အမေရိကန်နိုင်ငံမှာ ဦးခေါင်းခွံနဲ့ ဦးရေ အစားထိုးကုသ


ကမ္ဘာပေါ်မှာ ပထမဆုံး အကြိမ်အဖြစ် ဦးခေါင်းခွံ နဲ့ ဦးရေတစိတ်တပိုင်းကို အစားထိုး ဖန်တီး ကုသနိုင်ခဲ့ပြီလို့ အမေရိကန် တက္ကဆပ်စ် ပြည်နယ်က ခွဲစိတ် ဆရာဝန်တွေက ပြောပါတယ်။

ကင်ဆာရောဂါ အတွက် ဆေးကုသခဲ့အပြီး အနာမကျက်ဘဲ ခေါင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ လူနာ အမျိုးသား တစ်ဦးကို ဆရာဝန်တွေက ၁၅ နာရီကြာ ခွဲစိတ်ကုသခဲ့ပြီး အခုလို ဦးခေါင်းခွံ အစားထိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် James Boysen ဆိုသူ အဲဒီလူနာက ဆရာဝန်တွေရဲ့ အစွမ်းအစ အပေါ် အံ့သြတကြီး ဖြစ်ခဲ့ရတယ်လို့ ပြောသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အမေရိကန်နိုင်ငံမှာ ဦးခေါင်းခွံနဲ့ ဦးရေ အစားထိုးကုသ  အမေရိကန်နိုင်ငံမှာ ဦးခေါင်းခွံနဲ့ ဦးရေ အစားထိုးကုသ Reviewed by သစ်ထူးလွင် on 13:33 Rating: 5
Powered by Blogger.