ရန်ကုန်တိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ပိုမိုများပြားလာ


ရန်ကုန်တိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ပိုမိုများပြားလာ ကြောင်း အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးမြင့်ထွေးက ယမန် နေ့က ပြောသည်။
''မူးယစ်ဆေးဝါးနဲ့ပတ်သက် ပြီး ဒီဘက်အပိုင်းမှာ ရန်ကုန်ကို စိမ့်ဝင်ထိုးဖောက်တာတွေ များလာ တယ်။ များလာတဲ့အတွက် နှစ် စဉ်စီမံချက်တွေရေးဆွဲ ဆောင်ရွက် နေတယ်။ ရန်ကုန်တိုင်းမှာအရင်က မူးယစ်တပ်ဖွဲ့စု ၄၁၊ ၄၂ ဆိုပြီး နှစ်စုပဲရှိတယ်။ အခုမူးယစ်တပ်ဖွဲ့စု ခြောက်စုရှိတယ်။အဲဒီခြောက်စုကို အုပ်ချုပ်တဲ့ မူးယစ်တပ်ဖွဲ့ခွဲ(၃)မှာ ဒုရဲမှူးကြီးတစ်ယောက်ထိုင်တယ်။ တပ်ဖွဲ့စုခြောက်စုမှာ(တစ်စုလျှင်) ၄ဝ ကနေ၄၅အထိဆိုတော့ အင် အားတွေများလာပြီ။မူးယစ်တပ်ဖွဲ့နဲ့ နယ်ရဲပေါင်းပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိဖို့က အရင်ဆုံးသတင်း ယူရပါတယ်။ အရင်ဆုံးရရှိတဲ့ သတင်းပေါ်မှာမူတည်ပြီးမှ နေအိမ် တွေရှာဖွေတာရှိသလို၊ ယာဉ်စစ် ပိတ်ဆို့ရှာဖွေတာတွေရှိပါတယ်''ဟု ၄င်းက ပြောကြားသည်။

ယခုလ ၂၆ ရက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးခွင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေး နေ့မတိုင်မီ မေ ၂၆ ရက်မှစ၍ ယင်းစီမံကိန်းကို ချမှတ်ဆောင် ရွက်ခဲ့ပြီး ယင်းစီမံကိန်းတွင် ပညာ ရေးဌာန၊လူမှုဝန်ထမ်းဌာန၊ကျန်းမာ ရေးဌာန၊ ကုသရေးဌာန၊ ပြန်ဆက် ဌာန၊ ဥပဒေရေးရာအဖွဲ့များ အပြင်MANA စသည့် ဌာနများ ပေါင်းစပ်ပြီး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းများကိုဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

''အဓိက အရှေ့ပိုင်းခရိုင်မှာ ဆိုရင် စီမံချက်ချဆောင်ရွက်တာ ခြောက်မြို့နယ်ရှိပါတယ်။မြောက် ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ သင်္ဃန်းကျွန်းပါ မယ်။ ဒီခြောက်မြို့နယ်မှာ ကျွန် တော်တို့ အများဆုံးမူးယစ်ဆေးဝါး ဖြတ်သန်းတာတွေရှိတယ်။ဖမ်းဆီး ရရှိတာလဲများတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ညစဉ်ယာဉ်စစ်ပိတ် ဆို့ရှာဖွေတာကို ဦးစားပေးဆောင် ရွက်တယ်။ ပိတ်ဆို့စစ်ဆေးတဲ့ အခါအများဆုံးမိတာတော့တာမွေ ပေါ့။ တာမွေမှာယခုနှစ် ဇန်နဝါရီ ကနေခုချိန်ထိဆိုအမှုပေါင်း ၇ဝ လောက်မိတယ်။ အဲဒီအမှု ၇ဝ ကလည်းခုနက ကျွန်တော်ပြော သလိုသူတို့ရဲ့ဖြတ်သန်းရာ လမ်း ကြောင်းတွေမှာ သတင်းရယူပြီး မူးယစ်တပ်ဖွဲ့နဲ့ နယ်ရဲတပ်ဖွဲ့ပေါင်း ပြီးတော့ မေလကုန်အထိ အမှု ၇ဝ လောက် ဖမ်းဆီးရမိပါတယ်'' ဟုဒုရဲမှူးကြီးမြင့်ထွေးကပြောသည်။

အရှေ့ပိုင်းခရိုင်အတွင်း ဖမ်း ဆီးရမိခဲ့သည့်အမှု ၇ဝ အနက်အမှု ၅ဝ သည် ယာဉ်ပေါ်၌ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး ယာဉ်၏ဒက်စ် ဘုတ်၌သော်လည်းကောင်း၊ ယာဉ် ၏ဂီယာအုံကြားထဲ၌လည်းကောင်း အများဆုံးတွေ့ရှိခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးရမိပါကယာဉ်ကို ပါသိမ်းဆည်းပြီး အမှုတွဲတည် ဆောက်ရကြောင်းသိရသည်။
''ကျွန်တော်တို့ယာဉ်စစ်လုပ် ရင်းမိတဲ့အမှုတွေကအများကြီး ဖြစ် သွားပြီ။ ရဲတပ်ဖွဲ့ကလည်းလုပ် သလို တစ်ဖက်ကမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ပူးပေါင်း လုပ်တယ်။

အရှေ့ပိုင်းခရိုင်ဘက်မှာဆို ယာဉ်ရပ်တန့်စစ်ဆေးရင်းနဲ့ မိတဲ့ အမှုတွေကအများကြီး တာမွေ၊ မင်္ဂလာတောင်ညွန့်တို့မှာ အများ ကြီးဖြစ်သွားပြီ။ အများကြီးဖော် ထုတ်နေတယ်။ စုံစမ်းစစ်ဆေးနေ ပါတယ်လို့ပဲ ပြောချင်ပါတယ်။ဖမ်းမိတဲ့သူတွေကို ဥပဒေလုပ် ထုံးလုပ်နည်းနဲ့တရားစွဲသွားမှာပါ။ရဲတပ်ဖွဲ့အနေနဲ့မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသီးခြားဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ တစ်မျိုး သားလုံး လူညွန့်တုံးစေမယ့် မူး ယစ်ဆေးဝါးကို ပြည်သူကလဲ မလိုလားဘူး။ ရဲတပ်ဖွဲ့ကလဲ မလို လားဘူး။ အဲဒါတွေကို ဖော်ထုတ်ဖို့ တာဝန်ဟာ ရဲတပ်ဖွဲ့မှာလည်းတာ ဝန်ရှိသလို မီဒီယာတွေမှာလဲတာ ဝန်ရှိတယ်။သတင်းပေးဖော်ထုတ် ခြင်းအားဖြင့်ဖော်ထုတ်ပေးပါ။

သတင်းရတဲ့အပေါ်မူတည်ပြီး လုပ်ရတာ။ သတင်းပေးရင် ပေး တဲ့အချိန်သွားဖမ်းမှာပဲ''ဟု ရဲမှူး ပြည့်စုံက ပြောသည်။

မူးယစ်ဆေး သုံးစွဲသူအချို့ သည် မူးယစ်ဆေးဝါး၏ဥပဒေကို မသိရှိကြောင်း၊ မူးယစ်ဆေးဝါး ဥပဒေတွင် လက်ဝယ်ထားရှိလျှင် ထောင်ဒဏ် ငါးနှစ်၊ သုံးစွဲလျှင် ထောင်ဒဏ် ငါးနှစ်၊ ရောင်းဝယ် ဖောက်ကားလျှင်နောက်ထပ် ၁ဝ နှစ် ပြစ်ဒဏ်များရှိကြောင်း ဒုရဲမှူး ကြီးမြင့်ထွေးက ပြောသည်။

''ဘာလို့များလာလဲဆိုတော့ အရင်တုန်းကစစ်ဆေးဂိတ်တွေရှိတာ ပေါ့။ အခုတော့ ဒီမိုကရေစီစနစ် အရမရှိဘူး။ ဒါတောင်မှကျွန်တော် တို့က ရတဲ့သတင်းပေါ်မူတည်ပြီး ရန်ကုန်ထဲကိုစိမ့်ဝင်မလာအောင်လဲ လုပ်တယ်။ သတင်းမရဘဲနဲ့တော့ ကျွန်တော်တို့က လုပ်လို့မရဘူး။အဓိကတော့ ကျွန်တော်တို့ရဲ့ နယ် စပ်ဖြစ်တဲ့ တရုတ်တို့၊ ထိုင်းတို့က ဝင်လာတယ်။ တစ်ခါ ဘင်္ဂလား ဒေ့ရှ်က ထွက်တာလဲရှိတယ်'' ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ် မှုသည် ၂ဝ၁၃ ခုနှစ်တွင် ဟက် တာ ၅၇၈ဝဝ ၌ ဘိန်းစိမ်းမက် ထရစ်တန် ၈၇ဝ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဟက်တာ ၅၇၆ဝဝ ၌ ဘိန်းစိမ်းထရစ်တန် ၆၇ဝ ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေး ဝါးများအန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ကထုတ်ပြန်ကြေညာ ထားသည်။

မြန်မာနိုင်ငံတွင် မူးယစ် ဆေးဝါးနှင့်ပတ်သက်၍ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂ဝ၁၅ ခုနှစ်အတွက် အစီရင် ခံစာတွင် မြန်မာနိုင်ငံသည် ဒုတိယ ဘိန်းအများဆုံးထွက်ရှိသည့် နိုင်ငံ စာရင်းတွင် ပါဝင်ကြောင်းဖော်ပြ ထားသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ပိုမိုများပြားလာ  ရန်ကုန်တိုင်း ဒေသကြီး အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ပိုမိုများပြားလာ Reviewed by သစ်ထူးလွင် on 10:23 Rating: 5
Powered by Blogger.